ရခိုင်ပြည်နယ်မှ သွေးချင်း – သားချင်းများ၏ အခက်အခဲများအား – စုပေါင်းအားများဖြင့် ရင်ဆိုင် ကျော်လွှား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်မှ ညီရင်း အကို၊ မောင်နှမ သွေးချင်း – သားချင်းများ၏ အခက်အခဲများအား –
စုပေါင်းအားများဖြင့် ရင်ဆိုင် ကျော်လွား
နိုင်လိုခြင်း…..

 

မိမိတို့ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း(၁၇) ခုနှင့် လူဦးရေ(၃၃၄၀၀၀၀)၊သုံးဆယ့်သုံးသိန်းလေးသောင်းရှိကာ၊အမျိုးသား(၁၅၉၀၀၀၀) တစ်ဆယ့်ငါးသိန်းကိုးသောင်းနှင့်အမျိုးသမီး(၁၇၅၀၀၀၀)တစ်ဆယ့်ခုနစ်သိန်း ကိုးသောင်း၊ ရှိပါတယ်။

မြို၊သက်၊ခမွီး၊ဒိုင်းနက်၊မရမာကြီး၊တမန်၊
ရခိုင်၊ စသော ရခိုင်မျိုးနွယ်စု (၇)စု သတ်မှတ်ထား၍ စတင်သန္ဓေတည် မွေးဖွား နေထိုင်ကြပါတယ်၊
ချင်းနှင့် ဗမာမျိုးနွယ်စုများလည်းသက်ရောက်နေထိုင်လာခဲ့ကြပါတယ်။
ထို့ပြင် အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားများသည်လည်း အတူတကွနေထိုင် လာကြပါတယ်။

ယခု Covid – 19 စတင်တွေ့ရှိသည့် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင်ရပ်ကွက်(၃၃)ခု၊ကျေးရွာအုပ်စု(၂၇)စုရှိပြီး၊
လူဦးရေ(၁၅၀၀၀၀) တစ်သိန်းခွဲကျော်ခန့်နေထိုင်လျက်ရှိပါတယ်။

လူနာအမှတ်(၃၇၅)သည် လူအများနှင့် ထိတွေ့ဆက်ဆံရသော ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ကာ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့များသို့ ခရီးသွားခဲ့သူဖြစ်ပြီး ထိုလူနာနှင့်အနီးကပ်ထိတွေ့သူများနှင့်အခြားဆက်နွယ်သူများမှာ တစ်ရာကျော် ရှိနေတာကိုတွေ့ရပါတယ်၊
၎င်းအပြင် NGO ဝန်ထမ်းတစ်ဦးဖြစ်သည့် လူနာအမှတ်(၃၇၇)နှင့် အစိုးရအဖွဲ့ရုံးဝန်ထမ်း ဖြစ်သောလူနာအမှတ်(၃၉၆) တို့နှင့်ထိတွေ့မူရှိသူများသည်လည်း တစ်ရာကျော်လောက်ရှိနေပါပြီ။

စတင်ကူးစက်ခံရသူ လူနာအမှတ်(၃၇၅) နှင့် ထိတွေ့သူများအားဓာတ်ခွဲစမ်းသပ်မူများကို
လုပ်ရာ ဆက်တိုက်ဆိုသလို ပိုးတွေ့ သူများကိုတွေ့ရပါတယ်၊အနီးကပ်ထိတွေ့သူများအပါအဝင်ဆက်နွယ်သူများမှ ရောဂါပိုးရှိသူ (၂၈)ဦး စစ်ဆေးတွေ့ရှိကာ –
ရောဂါပိုးတွေ့ရသူများလာသည်နှင့်အမျှ
ထိတွေ့မူရှိသူများအား စုံစမ်းဖော်ထုတ်ရန်လည်း အခက်အခဲများရှိနေတယ်ဟု စစ်တွေမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြော့ပသည်ကိုလည်း သတင်းစာများမှာ ဖတ်လိုက်ကြရမှာပါ။
ယခုအခါ စစ်တွေမြို့ကို Semi – lockdown ချထားသည်ကိုသိကြရမှာပါ၊

mask တပ်ဖို့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံသတိပေး ကြေညာနေတာကိုလည်း တာဝန်ရှိသူအဖွဲ့အစည်းများက ဆောင်ရွက်နေကြပါပြီ။
စစ်တွေအခြေစိုက် ရခိုင် Covid – 19 စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လိူင်ထွန်းက ယခင်က ပေါ့ဆခဲ့လို့ ယခုအချိန်မှာ ကျွန်တော်တို့ရဲ့ထို ပေါ့ဆခဲ့မူ ဒဏ်ကို ခံစားနေရပြီ၊
ရှေ့လျှောက်မပေါ့ဆ ကြပါနဲ့တော့ လို့ ပြောနေတာကိုကြားရပါတယ်။

lockdown ကြောင့် စားဝတ်နေရေးများလည်း ခက်ခဲသွားနိုင်ပါတယ်။
ထိုသည်ကို ပြည်နယ်အစိုးရအား လူမူ စီးပွား နယ်ပယ်ကသူများလည်း စတင်လှူ ကြတန်း ကြတာကို တွေ့နေရပါတယ်၊
KBZ ဥက္ကဌက သိန်းသုံးရာနှင့် အထောက်အကူ ပစ္စည်းများအား စတင် လှူဒါန်းပြီး
သူ၏ ကုမဏ္ဏီပိုင်လေယာဉ်ဖြင့် စတင်ပို့ဆောင်မူလုပ်ပေးတာကိုတွေ့ရပါတယ်။

ရခိုင်ပြည်နယ်တွင် Covid – 19 ရောဂါပိုးထိန်းချုပ်နိုင်ရန် လူအင်အား၊ငွေအင်အား၊ အများ အပြားအသုံးပြုနေပြီ ဖြစ်ကြောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါပြီ၊
ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို ချိုးဖောက်ပြီး အလည်အပတ် ခရီးထွက်ခဲ့တဲ့
ဝန်ထမ်း သုံး – လေး ဦးကတစ်ဆင့် Covid-19 ရောဂါပြန့်ပွားမူကြောင့် စစ်တွေမှာ အ်ိမ်တွင်းနေရန်ညွန်ကြားချက်နဲ့ အခြား Covid
ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ ထုတ်ထားရပါပြီ၊
ရောဂါထိန်းချုပ်နိုင်ဖို့ အတွက် လူအင်အား၊ငွေအင်အားအများအပြား ထုတ်သုံးနေပါပြီ။
ကျန်းမာရေးလောက်ကြီးမားတဲ့လာဘ်လာဘ မရှိပါဘူး။ဟု နိုင်ငံနှင့် ရခိုင်ပြည်နယ်သူ၊ပြည်နယ်သားများအား အသိပေး ပြောကြားလိုက်တာကို
မိမိတို့အားလုံးကသိနေ တွေ့နေကြရပါတယ်။

(၂၀.၈.၂၀၂၀)ညပိုင်းမှစ၍ စစ်တွေမြို့ကိုလည်း Stay at Home သတ်မှတ်ခဲ့ကာ ၊
မလိုက်နာသူများကို ကူးစက်ရောဂါများ နှိမ်နင်းရေးဥပဒေဖြင့်အရေးယူမည်
ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဤဖြစ်စဉ်များကို အသေးစိတ် သေသေချာချာ သိအောင်လုပ်ကြရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ဘို့သည် ဒေသအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များပင်မဟုတ်ပါလား ?
ကိုယ်ကိုတိုင်ကတော့ အိမ်ကနေ မရွေ့ကြပါပဲ စာထုတ်တဲ့အလုပ်ကိုသာ
လုပ်နေပြီး နိုင်ငံရေးအကျိုးအမြတ်ရနိုင်ရေးကိုသာ ဦးတည်နေတာသည်က အကျိုးလို လို့ ညောင်ရေလောင်း နေတဲ့ သဘောမျိုးတွေကို တွေ့နေရပါတယ်။

မည်သူ၊မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စွပ်စွဲ လိုစိတ်နဲ့ရေးသားခြင်းမဟုတ်ပါ၊
သက်ဆိုင်ရာ များနဲ့အတူ ရိုးသားသည့် ဒေသအတွင်းရှိ ပြည်သူ များအား သိစေလိုရင်းဖြစ်ပါတယ်။

ယနေ့ (22.8.2020) နေ့တွင်
ရခိုင်အမျိုးသားပါတီ (ANP) မှ
ကြေညာချက်(၆)ချက်ကိုထုတ်ပြန်တာကိုတွေ့ရပါတယ်။
(၁)စစ်တွေမှာ မယုံကြည်နိုင်လောက်အောင် မြန်နူံးမြင့်ပြန့်ပွားခြင်း၊
(၅) ကျန်းမာရေးအသိစိတ်ဓာတ်ဖြင့်လိုက်နာကာကွယ်ရန်၊
(၆) သတင်းအချက်အလက်အလျှင်အမြန်ဖြင့် မြန်ဆန်တိကျစွာ ရရှိနိုင်ရေးအတွက် ရခိုင်ဒေသတွင် ပ်ီတ်ထားသည့် internet (4G)အဆင့်ကိုအမြန်ဆုံးဖွင့်လှစ်ရန်တောင်းဆိုသည်။

၎င်း သုံးချက်စလုံးသည် တကယ်လိုအပ်နေသည့် အနေအထားဖြစ်ပါတယ်။

အချက်(၂/၃/၄)ကို ရေးသားတင်ပြပါရစေ၊

(၂) Covid-19 ကူးစက်မူဇစ်မြစ်ကိုရှာဖွေမတွေ့ ရှိသေးခြင်း၊ ရောဂါပြန့်ပွားမူကို မထိန်းချုပ်နိုင်ခြင်းမှာ ပြည်သူများ၏
စည်းကမ်းမလိုက်နာမူသက်သက်မဟုတ်ဘဲ၊အစိုးရ၏ စီမံ ခန့်ခွဲ ဆောင်ရွက်မူများ နှောင့်နှေးအားနည်းမူကြောင့်ဟု ယူဆပါသည်။

(၃) Covid-19 ကူးစက်မူကို အလျှင် အမြန်ထိန်းချုပ်ရေးမှာ ရခိုင်ပြည်နယ် စစ်တွေရှိ
ဆေးဝန်ထမ်းများ၊လူမူအဖွဲ့အစည်းများနှင့်လုံလောက်မည်မဟုတ်ဘဲ၊
ပြည်ထောင်စုမှ ဆေးပညာရှင်များ၊ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ စနစ်တကျ ပါဝင်ကူညီဆောင်ရွက်ပေးသင့်ပြီဟု ယူဆပါသည်။

(၄) Quarantine watch ချခြင်း(သို့မဟုတ်) ချမှတ်ရန် ရည်ရွယ်ထားသော နေရာများမှာ
ပြည်သူများစားဝတ်နေရေးအတွက် အစိုးရက အလျှင်အမြန် စီမံချက်ချမှတ်ပြီး ပွင့်လင်း မြင်သာစွာကူညီလုပ်ဆောင်ပေးရန်လိုအပ်
နေပြီဖြစ်ပါသည်။

ANP ပါတီ၏ ထုတ်ပြန်မူမလုပ်ခင်ကတည်းက ပြည်ထောင်စုအစိုးရမှ ပြည်သူအများ
ရောဂါ မပြန့်ပွားစေရေးနှင့် ကူးစက်သူများကို ဆေးကုသရေးအတွက်လုပ်သင့်သည်ဟု မယူဆပါပဲ –
လုပ်ကို လုပ်ရမည့် လုပ်ငန်းစဉ်များအားလုပ်ဆောင်နေသည်ကို စာရေးသူမှရေးသား
တင်ပြပြီးဖြစ်တဲ့အထက်ပါစာပိုဒ်များ၌တွေ့ ကြရမှာ ဖြစ်ပါတယ်။

Covid-19 ကူးစက်ရောဂါရသူများအား ကုသရန်အတွက် ရန်ကုန်ဆေးရုံကြီး၊
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးအပြင် ရန်ကုန်ရှိအခြားဆေးရုံကြီးများမှ
ဆရာဝန်လေးများသည် အလှည့်ကျ သွားရန် အားလုံးက မဲနိူက်ကြရပါတယ်၊
ထို့အပြင်မိမိဆန္ဒအလျောက်သွားကြသူများလည်းရှိပါတယ်၊
လူနာအရေးပေါ်ဖြစ်ပါက Ventilatorအသုံးပြုနိုင်ပါရန် မိမိဆန္ဒနဲ့ သွားရောက်
သောမေ့ဆေးဆရာဝန်များသည်လည်းအပါအဝင်ဖြစ်ပါတယ်။

ပြောပြချင်ပါတယ်၊
ဆရာဝန်မလေး တစ်ယောက်ဆိုလျှင်အဖေဆုံးပါးသွားသည်မှာတစ်လခွဲခန့်သာရှိပြီး ၊ကျန်ရစ်ခဲ့သူမှာ
သူမနဲ့ သူမ၏ အမေသာလျှင်သားအမိနှစ်ယောက်တည်းသာရှိပါတယ်၊ဒါပေမယ်လို့ သူမ မငြင်းဆိုပါ၊
တစ်ခုထဲသာတောင်းဆိုပါတယ်၊သူမ၏ အမေကိုပါ စစ်တွေကိုခေါ်သွားပါရစေတဲ့၊

ယခု (၂၃.၈.၂၀၂၀)နေ့တွင်စစ်တွေသို့သွားကြပါပြီ ၊
သိရသည့် အခြေအနေမှာ အထက်ပါ
ဆရာဝန်မလေးကိုယ်စား ဆရာဝန်မလေးတစ်ယောက်က သွားပေးသည်ဟု သိရပါတယ်။

ကလေးတွေက ရခိုင်ပြည်နယ်မိုလို့ ဆိုပြီးငြင်းဆန်မူများ အထူးမရှိကြပါ၊
တစ်ဖွဲ့ကို တစ်လတာဝန်ထမ်းဆောင်ရပါတယ်၊
သို့ပေမယ့် ဘယ်လိုမျိုး အခြေအနေကိုသူတို့ရင်ဆိုင်ကြရမလဲ မသိပါ-
ဒါပေမယ့် သူတို့အားလုံးအဆင်သင့်ပါ၊
စစ်တွေကိုသွားကြလို့ သူတို့ကို အခွင့် ထူးများမပေးပါ၊
အပိုလစာ ငါးသောင်းတော့ ရကောင်းရကြမှာပေါ့၊

ယခင်နှစ်တွေမှာ ပုံမှန်ဆိုရင် (၁၀)လပိုင်း (october) မှာ ဘွဲ့လွန်ဖြေကြရပါတယ်၊
ထိုစာမေးပွဲက သူတို့လေးတွေရဲ့ဘဝမှာ အရေးပါတဲ့ ဖြတ်သန်းမူပါ။
ဒါပေမယ့်ယခင်လို (october ) မှာဖြေခြင်မှ ဖြေကြရမှာပေဲါ့၊
ဒါကလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သဘောပေါ်မှာသာ မူတည်ပါတယ်။

ဤအရာများကိုရေးပြရခြင်းမှာ ရခိုင်ပြည်သူများနှင့်အခြားပြည်သူအများသိစေရန် အနည်းငယ်ရှင်းပြရခြင်းဖြစ်ပါတယ်။

ထပ်မံရေးသားတင်ပြပါရစေ၊
WHO မှ ကူးဆက်မြန်ရောဂါဆိုပြီး ကမ္ဘာကို ကြေညာထားသည့်အတွက် WHO အဖွဲ့ဝင်နိုင်ငံတိုင်းက လိုက်နာကြဘို့ လိုအပ်ပြီး
WHO မှတဆင့် အဖွဲ့ဝင်နိုင်ငံများ၏လိုအပ်သည့်နိုင်ငံများကိုလည်းအကူညီပေးကြရပါတယ်၊

ရခိုင်ပြည်နယ်မှ ပြည်သူများ၏( swab )ကိုသယ်ဆောင်လာသောWHO အမှတ်အသားပါ ကားကို ပစ်ခတ်
တိုက်ခိုက်ခြင်းသည် ရခိုင်ပြည်နယ်မှာသာဖြစ်ပျက်ခဲ့ကာ ကားမောင်းသူသေဆုံးသွားရပါတယ်။
နောက်တစ်ခု ပိုးသတ်ဆေးသွားပို့သည့်ကားကိုလည်း တိုက်ခိုက်လို့ ကားမောင်းသူ
လူရွယ်လေးသေဆုံးခဲ့သည်ကလည်းရခိုင်ပြည်နယ်မှာသာ ဖြစ်ပါတယ်။

ရေးလက်စ နဲ့ရေးပါရစေ။

မြောက်ဦး၌ ပစ်ကြ ခတ်ကြတဲ့အခါမှာဆေးရုံမှ ဗမာ ဆရာဝန်လေးများကို
စျေးမရောင်းကြသော်လည်းမြောက်ဦးဆေးရုံနဲ့ နေ့စဉ်လာပြနေကြသည့် လူနာများကို ပစ်မထားရက်လို့
အန္တရာယ်များကြားမှာ နေပြီးဆေးဝါးကုသပေးကြတာလည်းဗမာဆရာဝန်လေးတွေဖြစ်ပါတယ်။

ဘူးသီးတောင်မောင်းတောဘက်က ဆေးရုံတစ်ခုဖြစ်လိမ့်မယ်၊
ဆေးရုံအတွင်းလူနာကို ကြည့်ရင်း လဲကျ သွားသည့်ဆရာဝန်တစ်ဦး ရန်ကုန်ဆေးရုံမှာ
အရေးပေါ်ဆေးလာကုသော်လည်းအပြီးပျောက်ကင်းအောင်မကုပါပဲ သူ့ဆေးရုံက လူနာတွေကို စိတ်မချလို့ ပြန်သွားတယ်လို့ကြားရပါတယ်၊
ရက်၊လ မမှတ်တော့ပါ။

ရခိုင် ပြည်သားဆရာဝန်များလည်းရှိကြပါတယ်၊

ဒါပေမယ်လို့ အချို့ သည် ရန်ကုန်မှာသာနေထိုင် ဆေးကုလိုကြပါတယ်။
ရခိုင်ပြည်နယ်ကို သူတို့မဆင်းလိုကြပါ။

ပြောရရင် လက်ရှိ ရခိုင်ပြည်အခြေပြုနိုင်ငံရေးပါတီ တစ်ချို့နှင့် ဆက်စပ်
ပတ်သက်သူများလည်းရှိကောင်းရှိနေကြမှာပါ၊

ယခုလို အခြေအနေမှာမိမိတို့၏ တိုင်းရင်းသား နိုင်ငံသား၊ ရခိုင်ပြည်နယ်သား
များအား မိမိတို့အားလုံးမှ ပစ်မထားရက်ကြပါ၊
တစ်နိုင်ငံလုံးမှ အရပ်ရပ်သော ပြည်သူ ပြည်သားများက တတ်နိုင်သ၍ ကူညီ
ဖေးမကြမှာ ဆိုတာမြေကြီး လက်ခတ်လွဲပေ။

ရခိုင်ပြည်နယ်လွှတ်တော်တွင် –
ရခိုင်အမျိုးသားပါတီမှ (၂၂) ဦး၊NLD မှ (၈)ဦး၊ယခုအခါ တစ်ဦးနုတ်ထွက်၊
ပြည်ခိုင်ဖြိုးမှ (၃) ဦး၊APP ဒေါက်တာအေးမောင်၏သား(၁)ဦး၊
ရှိပါတယ်၊

တကယ်တော့ ဗဟိုအစိုးရဖွဲ့နိုင်တဲ့ ပါတီမှလွှတ်တော်ကိုယ်စားလှယ်သည်
ပြည်နယ်နဲ့ တိုင်းဒေသကြီးလွတ်တော်များမှာ အများစုဖြစ်ဖို့လိုအပ်လှပါတယ်၊
ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုအစိုးရမှ သတ်မှတ် ချပေးသော ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မူက အားကောင်း မောင်းသန် ဖြစ်လာစေမှာမဟုတ်ပါလား ?
အတိုက်အခံကောင်းများလည်း ရှိသင့်သလောက်ရှိကြ ရပါမယ်။

အတိုက်အခံ အနိုင်ရပါတီမှ လည်း ပြည်နယ်အစိုးရ အဖွဲ့ထဲတွင် ထည့်သွင်းဖွဲ့စည်း
ပါဝင်လာစေရန်ကိုလည်းပြည်ထောင်စုအစိုးရဖွဲ့နိုင်ခွင့်ရရှိသော
အနိုင်ရပါတီမှလုပ်ဆောင် ဘို့လည်းလိုအပ်ပါတယ်။
ဤအခင်းအကျင်းသည် ယနေ့ကာလမြန်မာပြည်၏ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

ယခုအခြေအနေမှာ –
ပြည်ထောင်စုမှခွဲတမ်းများကို မိမိတို့ ပြည်နယ်အတွက် ပိုမို ကောင်းမွန် ဖွံ့ဖြိုးအဆင်ပြေလာစေရန် ညှိနိူင်း ဆုံးဖြတ်နိုင်မူများ
အားနည်းပြီး ပြည်နယ် အစိုးရအားအနှောင့်အယှက် ပေးရုံ သက်သက်သာ
ရှိနေသလိုမျိုးလို့တောင် ထင်မှတ်ရပါတယ်။

နစ်နာတာက ပါတီနဲ့ လွတ်တော်ကိုယ်စားလှယ်များမဟုတ်ပါ၊ရခိုင်ဒေသနှင့် ရခိုင်ပြည်သူများပင်မဟုတ်ပါလား ?

တစ်ချို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်သည်ပင်လျှင်
ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ဆင်းလိုမူအားနည်းတာကိုတွေ့ရပါလိမ့်မယ်။

သို့ပါသောကြောင့် မိမိတို့အားလုံး လက်ရည်တစ်ပြင်တည်း၊ အချင်းချင်း အပြန်ပြန် အလှန်လှန် အားပေးကူညီခြင်းဖြင့်
အထင်လွဲမှားနေကြမူ၊မယုံကြည်မူများအားပပျောက်နိုင်ကြစေပြီး ၊
ချစ်ခင် ရင်းနှီး မူများ ပြန်လည် တည်ဆောက်၍ ကျောခြင်းကပ်၊
ရင်ခြင်းအပ် ကြခြင်းဖြင့် –
မိမိတို့၏ ရခိုင်ပြည်သူများအား ဆုံးရူံးမူနည်းပါးစေကာ ၊တစ်ဦးတစ်ယောက်မှ
ပျက်စီးဆုံးရုံးမူများ မဖြစ်ရလေအောင်စုစည်း ညီညွတ်မူများ၊စုပေါင်းအင်အားများဖြင့်-
Covid-19 ကပ်ရောဂါ ကြီးကို
ရင်ဆိုင် တိုက်ထုတ်လိုက်ကြပါစို့– –

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(၂၂.၈.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •