ရခိုင်ပြည်နယ်ရှိမြို့များအတွက် ရည်ရွယ်တဲ့ သယ်ဆောင်ရလွယ်တဲ့ ventilator ၁၀ ခုကို UNHCR က ကျန်းမာရေး၀န်ကြီးဌာနသို့ ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်ရှိမြို့များအတွက် ရည်ရွယ်တဲ့ သယ်ဆောင်ရလွယ်တဲ့ ventilator ၁၀ ခုကို UNHCR က ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသို့ ပေးအပ်

သေးငယ်တဲ့အရာ၀တ္ထုတစ်ခုကလူ့အသက်ကိုကယ်တင်နိုင်တာကိုစိတ်ကူးမြင်ယောင်ကြည့်ဖို့ခက်ပါတယ်။

 

UNHCR သည် သယ်ဆောင်ရလွယ်ကူသော ventilator ၁၀ ခုကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသို့ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဤအထူးအဆင့်မြင့်ဆေးကုသမှုဆိုင်ရာကိရိယာသည် COVD-19ရောဂါ၏ စိုးရိမ်ဖွယ်ရာရောဂါလက္ခဏာများအနက် လက္ခဏာတစ်ရပ်ဖြစ်သည့် အသက်ရှုခြင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသောလူနာများကို ကူညီပေးနိုင်မည်ဖြစ်သည်။

 

Ventilatorစက်များသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအကြီးအကျယ်ရိုက်ခတ်ခြင်းခံနေရသည့် ရခိုင်ပြည်နယ်အနှံ့ရှိမြို့နယ်များသို့ရောက်ရှိနိုင်စေရန်ရည်ရွယ်ထားပြီး လာမည့်ရက်များအတွင်း ရောက်ရှိလာမည်ဖြစ်သည်။ လိုအပ်နေသူအားလုံး အရေးပေါ်ဆေးကုသမှုခံယူခွင့်ရရှိနိုင်စေရန် သေချာအောင်လုပ်ဆောင်ခြင်းသည် UNHCR ၏ ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည်။

 

ယခုလှုဒါန်းမှုသည် ပြည်သူများ၏အသက်ကိုကယ်တင်ရန်နှင့် ကျန်းမာရေး၀န်ထမ်းများအား ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအစိုးရ၏လုပ်ဆောင်မှုများအတွက် အမေရိကန်ဒေါ်လာ ၂.၃သန်းတန်ဖိုးရှိဆေး၀ါးပစ္စည်းများထောက်ပံ့လှုဒါန်းခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •