ရခိုင်ပြည်နယ်အတွက် ကမ္ဘောဇဘဏ်က သိန်း ၆၀၀ တန်ဖိုးရှိတဲ့ COVID-19 ကုသရေးပစ္စည်းတွေလှူဒါန်း
ရခိုင်ပြည်နယ်အတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိတဲ့ COVID-19 ကာကွယ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းတွေကို AIR KBZ အရေးပေါ် ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ယနေ့ ပို့ဆောင်လှူဒါန်းခဲ့ပါတယ်။
ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုဟာ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် COVID-19 ကို ရင်ဆိုင်ဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း ခွန်အားနဲ့ အထောက်အပံ့ကောင်း ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေသူများ အားလုံးကို ကမ္ဘောဇဘဏ်က အစဉ်အမြဲ ကျေးဇူးတင်လျက်ရှိပါတယ်။
အားလုံး COVID-19 ကပ်ရောဂါကို မေတ္တာတရားနဲ့အတူ တွန်းလှန်ကျော်ဖြတ်ကြပါစို့။
Credit – Nang Lang Kham