ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားနေသောမြို့များ သို့ ခရီးသွားခဲ့ပါက သတင်းပို့ကြပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသောမြို့နယ်များ သို့/မှ ခရီးသွားလာမှုများရှိခဲ့ပါက သတင်းပေးပို့ကြပါရန် သတိပေးနှိုးဆော်ပန်ကြားချက်”

မြန်မာနိုင်ငံတွင် (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်ထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာ (၅၇၄) ဦးရှိပြီဖြစ်သည်။

 

COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုကို အချိန်မီထိန်းချုပ်နိုင်ရန်နှင့် ရခိုင်ပြည်နယ် အပါအဝင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ထပ်မံကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်နေ့မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက် ဖြစ်ပွားမှုများရှိနေသော မြို့နယ်များ သို့/မှ ခရီးသွားလာမှုများရှိခဲ့ပါက ရောက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။

သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါ၍ သတင်းပေးပို့ကာ ကျန်းမာရေးစစ်ဆေးမှုခံယူရန် တိုက်တွန်းနှိုးဆော်ပန်ကြားအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •