ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း ၂၅ဦး စစ်တွေရောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်းများ စစ်တွေမြို့သို့ရောက်ရှိ

စစ်တွေ ၂၇ ဩဂုတ်

ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံအနှံ့မှ စေတနာ့ဝန်ထမ်း လူငယ် ၂၅ ဦးသည် ယနေ့ ညနေ ၄ နာရီ မိနစ် ၅၀ က မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

 

စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့အား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုကြသည်။

 

ထို့နောက် စစ်တွေလေဆိပ်ဧည့်ခန်းမ၌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားကြသည်။ ယင်း စေတနာ့ဝန်ထမ်းလူငယ်များအား တည်းခိုနေထိုင်မည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ရှိ ရိပ်သာများသို့ ပို့ဆောင်ပေးကြသည်။

 

အဆိုပါ စေတနာ့ဝန်ထမ်းလူငယ်များသည် စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •