ရခိုင်ပြည်နယ် အတွက် ရိက္ခာ မပြတ်စေရဟု ဒေါ်အောင်ဆန်းစုကြည် ဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐ ရခိုင်ပြည်နယ် အတွက် ရိက္ခာ မပြတ်စေရဟု ဒေါ်အောင်ဆန်းစုကြည် ဆို

နေပြည်တော်၊ သြဂုတ် ၂၈

လက်ရှိအချိန်တွင် COIVID-19 ကူးစက် ပျံ့နှံ့မှု များနေသည့် ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာ မပြတ်စေရေး အာမခံကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမတွင် ယနေ့ နံနက်က ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း အစီအစဉ်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိက္ခာကတော့ ပြည်ထောင်စု အစိုးရ ကိုယ်စား၊ ကျွန်မ ရဲရဲကြီး ပြောနိုင်တာက ရခိုင်ပြည်နယ်မှာ ရိက္ခာ မပြတ်စေရပါဘူး၊ လိုတဲ့ ရိက္ခာတွေကို ကျွန်မတို့ ရတဲ့နည်းနဲ့ ဖြစ်အောင် ပို့ပေးပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် လက်ရှိ လိုအပ်လျက်ရှိသော ငွေရေး၊ ကြေးရေးနှင့် ပတ်သက်၍လည်း လိုအပ်သမျှ ပံ့ပိုးပေးမည် ဖြစ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

 

“နောက်တစ်ခုက ငွေရေး ကြေးရေးပေါ့၊ ငွေရေး ကြေးရေးလည်း လိုသမျှ ပံ့ပိုးပါမယ်။ ဒီနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံ မဟုတ်ဘူး၊ အရင်းအမြစ်က သိပ်များတဲ့ နိုင်ငံ မဟုတ်ဘူး၊ သို့သော်ငြားလည်း ကျွန်မတို့က ပြည်ထာင်စုရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းကို အမြဲပဲ ထောက်ပံ့ပါတယ်။ ပြည်ပြည့် စုံစုံ ထောက်ပံ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပြည်ထောင်စု ဘတ်ဂျက်မှ ၁၄.၈ ဘီလီယံ၊ ပြည်နယ် ဘတ်ဂျက်မှ ၁.၅၆၆ ဘီလီယံနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၃၁၁.၄ သန်း၊ စုစုပေါင်း ၁၆.၇ ဘီလီယံ အသုံးပြု ဆောင်ရွက်လျက်ရှိသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •