ရန်ကုန်ကို Lockdown ချဖို့ အစီအစဥ် မရှိ
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီးကို အခုရက်ပိုက်းအတွင်းလော့ဒေါင်း ချမယ်လို့ထွက်ပေါ်နေတဲ့သတင်းတွေထွက်ပေါ် နေကြောင်း ဒီသတင်းနဲ့ပါက်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ထိုကဲ့သို့ဆောင်ရွက်ရန်အစီအစဥ်မရှိပါကြောင်း ဝန်ကြီးရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပါတယ်
ဒီလို Lockdown ချဖို့မရှိပေမယ့် ထုတ်ပြန်ထားတဲ့ Stay at Home အစီအစဉ်ကိုတော့ ကြပ်ကြပ်မတ်မတ်လိုက်နာဖို့အတွက် ညွှန်ကြားထားတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းက လွဲရင် ကျန်တဲ့မြို့နယ်တွေအားလုံးကို Stay at Home အမိန့်ထုတ်ပြန်ထားပြီးအဲဒီ ကာလအတွင်း အကြောင်းကိစ္စမရှိပဲမြို့နယ်တစ်ခုကနေ တစ်ခု ကူးသန်းသွားလာ တာ မလုပ်ဖို့ စစ်ဆေးပညာပေးမှုတွေလုပ်ဆောင်နေပါတယ်။