ရန်ကုန်ဆေးရုံကြီး၊အနောက်ပိုင်းဆေးရုံ၊အင်းစိန်ဆေးရုံ၊ သင်္ကန်းကျွန်း စံပြဆေးရုံ တို့တွင် လူနာ ၃၀ဆန့် Tent များထိုးပြီး သံသယလူနာများအား စစ်ဆေးပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အနောက်ပိုင်းဆေးရုံဟကြီးမှ သမားတော်ကြီးရဲ့ ပြည်သူများအပေါ် ပန်ကြားချက်

 

#UnityIsStrengthMedicalWardWYGH
#TogetherStrongerNeverSurrender

များပြားလှစွာသော Covid 19 သံသယလူနာများ ထားရှိရေးအတွက် ယခုလက်ရှိဆေးရုံကြီးများတွင် အပြည့်အကျပ်ဖြစ်လို့လာနေပါသည်။

ဒီရောဂါ တစ်ခုတည်းအတွက်မဟုတ်ပဲ အခြားသော လူနာများအတွက်လည်း ထည့်တွက်ကြရပါသည်။ ခွဲစိတ်၊ သားဖွားမီးယပ်၊ကလေး စသည် စသည်ဖြင့် အများကြီးပါ။ ဒီလိုဝေဒနာရှင်တွေကို ဆေးရုံပေးဆင်းပြီး သံသယလူနာတွေချည်းပဲ ထားမယ်ဆိုလည်း မတရားရာရောက်ပါသည်။

ကျွန်တော်တို့ ဆေးရုံက ခုတင် အားလုံးပေါင်း ၂၀၀ ဆန့်ပါ။ အခုပင် Covid သံသယလူနာ ၅၀ နီးပါးရှိနေပါပြီ။ ဆေးကုသဆောင်မှာ အခြား Non Covid လူနာများကိုလည်း ကုသပေးနေပါသည်။ပြန်မလွှတ်ရက်ပါ။ နေရာအခက်အခဲအတွက် ဆေးရုံအုပ်ချုပ်မှုကော်မတီဆုံးဖြတ်ချက်ဖြင့် ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်ဆောင်တို့​၏ တစ်စိတ်တစ်ပိုင်းများကိုပါ သုံးနေပါသည်။

 

ယခု ဆေးရုံဝင်းအတွင်း လူ ၃၀ ဆန့် Tent ကြီးထိုးပြီး သံသယလူနာများအား လက်ခံစစ်ဆေးပေးဦးမည် ဖြစ်ပါသည်။ ရန်ကုန်ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ သင်္ကန်းကျွန်း စံပြဆေးရုံတို့တွင်လည်း တစ်လုံးစီ ဆိုတော့ ရန်ကုန်တစ်မြို့လုံး Tent ၄ လုံး ရှိလာပါမည်။ ကျန်းမာရေးဝန်ထမ်းများမနေဖြင့် လပေါင်းများစွာ စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ကြပြီးသော်ငြားလည်း ဗီဇအရ ကြီးလေးသောတာဝန်များကို နိုင်သလောက် ဝန်ထမ်းကြပါဦးမည်။

ခက်ခဲသောကာလကြီးအတွင်း ဖြတ်သန်းမှုတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါလိမ့်မည်။ ကျိကျိတက်ချမ်းသာသော မိဘများမဟုတ်သဖြင့် သားသမီးများ တောင်းသလောက်၊လိုသလောက်တော့ ရာနှုန်းပြည့် မပေးနိုင်သေးသည်ကိုလည်း စာနာနားလည်နိုင်ကြဖို့ လိုပါလိမ့်မည်။ တကယ်တော့ အခုအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ၊ volunteerတွေ အလွန်ပင်ပန်းပြီး နားချင်နေကြပါပြီ။ မလုပ်ပဲထားခဲ့ရင် ဆေးရုံတွေ အခွံပဲ ကျန်ပါလိမ့်မည်။

ဒါပေမဲ့ ဒီလို ဘယ်တော့မှ လုပ်မဲ့သူများမဟုတ်ကြပါ။ နိုင်သလောက် အားလုံးဝိုင်းထမ်းနေကြပါသည်။ ပြည်သူများဘက်က အားပေးသံ၊ စာနာ နားလည်မှု၊ ကရုဏာစကား၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာဖြင့် ဖေးမမှုတို့ အထူးလိုချင်ပါသည်။ ကျွန်တော်တို့လည်း လူသားများပဲ ဖြစ်ပါသည်။ ကိုယ့်တာဝန် ကိုယ်ကျေအောင် နိုင်သလောက် အားထုတ်နေကြပါသည်။

ပြည်သူများ ဘက်ကလည်း ဆိုင်ရာ တာဝန်များ ကျေစေချင်ပါသည်။ ပြည်သူများကို အထူးယုံကြည် အားကိုးပါသည်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းနှင့် volunteer များ အထူးလိုအပ်နေသည်မှာ ပြည်သူကပေးလာမည့် မေတ္တာတရားနှင့် စာနာနားလည်မှုတို့ပဲ ဖြစ်ပါသည်။

Credit – Hein Yarzar Aung


Spread the love
  •  
  •  
  •  
  •  
  •  
  •