“ရန်ကုန်တက္ကသိုလ်ကို ဘယ်လိုထိမ်းသိန်း ကာကွယ်မလဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဆရာ မျိုးမြတ်သူ ၏
ကမာရွတ်ပုံပြင်(၁၆) မှ ကောက်နှုတ်ဖော်ပြပါသည်။
=================================

ရန်ကုန်တက္ကသိုလ်နယ်မြေ ပြုပြင် ထိန်းသိမ်းရေးအတွက် ဘူမိဗေဒပညာရှင် ဒေါက်တာ ရင်ရင်နွယ်၊ ရူပဗေဒပညာရှင် ဒေါက်တာ တင်လှိုင်၊ ဓါတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုတို့နဲ့ စကားဝိုင်းဆွေးနွေးပွဲလုပ်ပြီး MRTV-4 မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီကာလက ဒေါက်တာ သန့်မြင့်ဦးတို့ရဲ့ Yangon Heritage Trust မစ သေးပါဘူး။ ဆရာကြီးဦးညီလှငယ်၊ ဒေါက်တာ မောင်မောင်ဝင့်တို့ရဲ့ Hardwear, Software အဖွဲ့တွေလည်း မရှိသေးပါဘူး။ အဲဒီစကားဝိုင်းမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ကျနော် အကျဉ်းချုံးပြီး အဓိက
အချက်အလက်တွေကို ပြန်လည် တင်ပြပါရစေ။

 

 

၁။ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာ နောက်ထပ် မည်သည့်အဆောက်အအုံအသစ်ကိုမျှဆောက်လုပ်
ခွင့်မပြုရန်။

၂။ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ မည်သည့် သစ်ပင်ကြီးများကိုမျှ ခုတ်လှဲခြင်းမပြုရန်။

၃။ လက်ရှိအဆောက်အအုံများကို သမိုင်းဝင် အဆောက်အအုံ Culture Heritage အဖြစ်သတ် မှတ်၍မူလလက်ရာများအတိုင်းထိန်းသိမ်း
စောင့်ရှောက်ပေးရန်။

၄။ စာသင်ဆောင်နှင့် ကျောင်းသားကျောင်းသူ အဆောင်များကို လူဦးရေကန့်သတ်၍ သတ်မှတ်ခွင့်ပြုရန်။

၅။ နဝတ၊ နအဖ အစိုရလက်ထက်က ကာရန်တားဆီး ထားခဲ့သော တံတိုင်းများ၊ သံပန်းများ၊ ခြံစည်းရိုးများ ကို ပြန်လည် ဖြုတ်ပြီး မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ပေးရန်။

၆။ ဘွဲ့နှင်းသဘင်ခန်းမကြီးကို ပုံမှန်ဘွဲ့နှင်းသဘင်
ကျင်းပခြင်းများရပ်ဆိုင်းရန်။သမိုင်းဝင်အခမ်းအနားများနှင့် ပါရဂူဘွဲ့နှင်းသဘင်ကိုသာကျင်းပရန်။

၇။ သမိုင်းဝင်ရန်ကန်တက္ကသိုလ်သမဂ္ဂအဆောက်အ
အုံကို မူလနေရာတွင် ပြန်လည်ဆောက်လုပ်ခြင်း မပြုဘဲ သမိုင်းဝင်အထိမ်းအမှတ်ရင်ပြင်အဖြစ် သန့်ရှင်း လှပစွာထားရှိရန်။ ကျောင်းသူကျောင်းသား မည်သူမဆို အချိန်မရွေး ဝင်ထွက်ခွင့်ပြုရန်။

၈။ ရန်ကုန်တက္ကသိုလ်နှစ်တရာပြည့် အထိမ်းအမှတ် အဆောက်အအုံကို ဆောက်လုပ်မည်ဆိုပါက ရန်ကုန်တက္ကသိုလ်သမိုင်းဝင် အဆောက်အအုံများ တည်ရှိသည့်နေရာများတွင် ဆောက်လုပ်ခြင်းမပြုပဲ၊
ဝင်ဒါမီယာနှင့်မျက်နှာချင်းဆိုင် အင်းလျားလမ်း ဖက် မြေနေရာလွတ်များတွင်သာဆောက်လုပ်ရန်။

၉။ ရန်ကုန်တက္ကသိုလ်သည် နှစ်၁၀၀ ပြည့်ပြီဖြစ်၍ အမျိုးသားယဉ်ကျေးမှုအမွေအနှစ် National Culture Heritage အဖြစ် ဥပဒေထုတ်ပြန်ကာ သတ်မှတ်သင့်ကြောင်း။

၁၀။ အကယ်၍ အထက်ပါအချက်များကို အောင်မြင်စွာ ဖေါ်ဆောင်နိုင်ရန် သို့တည်းမဟုတ် အထက်ပါအချက်များကို မလိုက်နာဘဲ၊ ဥပမာ အဆောက်အအုံသစ် ဆောက်လုပ်ခြင်း၊ အထပ်မြင့်အဆောက်အအုံများဆောက်လုပ်ခြင်း
များကို ပြုလုပ်လာပါက ကန့်ကွက်ရန်၊ တိုင်ကြားရန်၊ အဆင့်ဆင့် ဆန္ဒဖေါ်ထုတ်ရန် Save the Universities ကဲ့‌သို့သောအဖွဲ့အစည်းမျိုးများ ဖွဲ့စည်း ထားရှိရန်လိုအပ်ပါကြောင်း။

အထက်ပါအချက် ( ၁၀ ) ချက်ကို အလေးအနက် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ထိုစဉ်အချိန်က ရန်ကုန်တက္ကသိုလ်အတန်းသစ်များ ပြန်လည် မဖွင့်သေးပါ။

ရာပြည့်ကော်မတီလည်းမဖွင့်သေးပါ။ ကျောင်းသားသမဂ္ဂရုံးခန်းလည်းမရှိသေးပါ။ ကျောင်းသားဟောင်းများ Alumni ရုံးခန်းလည်း မရှိသေးပါ။

ယခု ကျနော်တို့တင်ပြခဲ့တဲ့အချက် ( ၁၀ )ချက်ကို ပြည်သူ လူထုအားလုံး အလေးအနက်ထားပြီးလေ့လာစေချင်ပါတယ်။ ပြီးရင် ပြောသင့်တာပြောကြပါ၊ ရေးသင့်တာရေးကြပါ။

 

 

 

( ဆရာ မျိုးမြတ်သူ )


Spread the love
  •  
  •  
  •  
  •  
  •  
  •