ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပစဉ် ကိုယ်စားလှယ်အားလုံး Quarantine ဝင်ရမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ကျင်းပစဉ်
လွှတ်တော်ကိုယ်စားလှယ်များ အားလုံး Hotel Sanchaung မှာ သီးခြားနေထိုင်စေပြီး ကန်.သတ်
ထားရှိမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ ကို ကန်.သတ်ထားရှိမယ့် Hotel Sanchaung ဟာ စမ်းချောင်းမြို့နယ် ၊ ဗဟိုလမ်းမပေါ်မှာတည်ရှိပြီး covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီပြင်ဆင်ဆောင်ရွက်ထားတယ်လို.သိရပါတယ်။


၂၈.၅.၂၀၂၀ ရက်နေ့၊ ညနေ (၆:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းဟာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ခေတ္တသီးခြားတည်းခိုနေထိုင်မည့်Hotel Sanchaung သို့ သွားရောက်ပြီး ညွှန်ကြားချက်များနှင့်အညီပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ မေလ ၂၉ ရက်နေ.မှာ ဟိုတယ်ကို စတင်ဝင်ရောက်ရမှာဖြစ်ပြီး ၃၀ရက်နေ.မှာ အားလုံးကို COV!D-19 စစ်ဆေးမှုပြုလုပ်မယ် ၊ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ တပ်ထဲမှာပဲ သီးခြားကန်.သတ်နေထိုင်သွားမှာဖြစ်တယ်လို. တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က Yangon Nation ကိုပြောပါတယ်။

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ကို လာမယ့် ဇွန်လ
၂ ရက်နေ.မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •