ရန်ကုန်တိုင်းဝန်ကြီးချုပ် ရိုးမရိပ်သာ Quarantine Center ကိုသွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အားတွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19​ရောဂါထိန်းချုပ်ကာကွယ်​ရေးလုပ်ငန်းများ​ကို လက်တွဲညီညီဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးနိုင်ငံလင်း၊ ဒေါ်မိုးမိုးစုကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် တို့သည် စက်တင်ဘာလ ၂၁ရက် မနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရှိ အောင်မြင့်မိုရ်အိမ်ရာကိုသွား​ရောက်ပြီး Facility Quarantine Center အဖြစ်အသုံးပြုရန် ပြုပြင်ဆောင်ရွက်နေမှုများအပေါ်ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ တွေ့ဆုံကာလုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာ Quarantine Center ကိုလည်း သွားရောက်ပြီး Quarantine Center အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အားတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က COVID-19 ရောဂါကို ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ညီညီညွှတ်ညွှတ်ဖြင့်ဆောင်ရွက်ကြရန်၊ အခက်အခဲများကို တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြရန်၊ မေတ္တာ စေတနာပြည့်ဝစွာဆောင်ရွက်ခြင်းဖြင့် ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ရေး လက်တွဲညီညီဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့တယ်လို့သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •