ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲမဝင်တော့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၀၂၀ ရွေးကောက်ပွဲမှာဝင်ရောက်အရွေးခံမည်မဟုတ်​တော့ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ​ပြောကြားလိုတ်ပါတယ်။

” ကျွန်တော့အနေနဲ့ လာမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ကျွန်တော့ရဲ့ ကျန်းမာရေးအခြေအနေက စိတ်မချရသေးပါဘူး သေသေချာချာ ကုသပြီး ဂရုစိုက်ရမဲ့ အနေအထားမှာရှိပါတယ်။

အခု လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားနေကြတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်က ဘယ်တိုင်းဒေသကြီးကဝင်ပြိုင်မယ်၊ဘယ်ပြည်နယ်ကဝင်ပြိုင်မယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ သတင်းအမှားတွေပဲဖြစ်ပါတယ် ကျွန်တော့ အနေနဲ့တော့ကျန်းမာရေးအရ ဘယ်နေရာမှ ဝင်ပြိုင်မှာ မဟုတ်ပါဘူး” လို့ပြောပါတယ် ။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ လက်ရှိကျန်းမာရေးအခြေအနေအရ နှလုံးရောဂါနဲ့ ပတ်သက်ပြီး stent ၄ခုထည့်ထားရပြီး နိုင်ငံတာဝန်တွေကို ပြန်လည် ထမ်းဆောင်နိုင်ဖို့ အတွက် ဆေးဝါးကုသမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အသေအချာပြုလုပ်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •