ရန်ကုန်တိုင်းအစိုးရနှင့် ပြည်သူများမှသိန်း ၃၀၀၀ကျော်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ရခိုင်ပြည်နယ်သို့ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှသိန်း ၃၀၀၀ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ရခိုင်ပြည်နယ်သို့ လှူဒါန်း
———————–
ရန်ကုန် ၊သြဂုတ် ၃၀ရက်

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှသိန်း ၃၀၀၀ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုက်သည်။

 

ပြည်နယ်အစိုးရထံသို့ မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့မှ အမ်းမြို့သို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်ဖြင့် ပို့ဆောင်သောပစ္စည်း ၁၆ မျိုးမှာ ရာဘာလက်အိတ် ၂၀၀၀၀ စုံ ၊ PPEဝတ်စုံ ၅၂၂၀ စုံ၊ နှာခေါင်းစည်း ၃၈,၅၄,၅၀ ခု ၊(Ventilation Servo) 10 Units ၊ အကာကွယ်မျက်မှန် ၁၀၀ ခု ၊ အဖျားတိုင်းစက် ၁၀၀ ခု၊ လက်သန့်ဆေးရည် ၁၀၀၀၀ ဗူး ၊ ပိုးသတ် ဆေး၂၀၀ ပုံး ၊ (Face Shield) ၆၄၀၀ ခု၊ ဆပ်ပြာတုံး ၉၀ ဖာ၊ ကြာဆံ ၃၀ ထုပ် ၊ အင်္ကျီ ၁၅၀၀ ထည် ၊ လုံချည် ၃၄၀ ထည် ၊ အဝတ်နှာခေါင်းစည်း ၈၀၀ ခု၊ ပိုးသတ်ဆေးဖြန်းစက် ၂ လုံး၊ ခွဲစိတ် ခန်းသုံးဝတ်ရုံ Surgical Gown ၄၂၁ ထည် တို့ဖြစ်သည်ဟုသိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •