ရန်ကုန်တိုင်းအတွင်း တစ်ညထဲနှင့် ညမထွက်အမိန့် ဖောက်ဖျက်ကျူးလွန်သူ ၆၀၀ကျော်ကို အရေးယူခဲ့
—————————
ရန်ကုန်၊စက်တင်ဘာ ၃ရက်
စက်တင်ဘာလ ၂ရက်နေ့ညက ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ၆၀၀ကျော်ကို ရဲတပ်ဖွဲ့က အရေးယူလိုက်ကြောင်းသိရသည်။
အရေးယူမှုမှာ ကျား (၆၁၈)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၆၄၇)ဦး၊ မော်တော်ယာဉ်(၁၁၁)စီး၊ ဆိုင်ကယ်(၁၈)စီးတို့ ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥပဒေဖောက် ဖျက်သူများကို အရေးယူရန် မနေ့က ပြည်ထဲရေးဝန်ကြီးဌာနကိုတွန်းအားပေးတိုက်တွန်းအပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ကုန်တွင် တစ်ညထဲနှင့် အယောက် ၆၀၀ကျော်ကို အရေးယူလိုက်ခြင်းဖြစ်သည်။
Myanmar Harp