ရန်ကုန်တိုင်းအတွင်း ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်တွေကို မလိုက်နာပါက အရေးယူမယ်
၃.၁၀.၂၀၂၀ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် COVID-19 ရောဂါနှင့်ပက်သက်၍ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။
ခွင့်ပြုထားတဲ့ လုပ်ငန်းတွေက လွဲပြီး ကျန်တဲ့ လုပ်ငန်းရှင်၊ အလုပ်သမား၊ ဝန်ထမ်းတွေ၊ ပြည်သူတွေအနေနဲ့ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းအစိုးရက ကြေညာထားပါတယ်။