ရန်ကုန်တိုင်းအတွင်း ဧရာ၀တီဘဏ်ခွဲ ၄၃ ခု ယာယီပိတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်းအတွင်း ဧရာ၀တီဘဏ်ခွဲ၄၃ဘဏ်ယာယီပိတ်
==========
ရန်ကုန်၊၂၀၂၀စက်တင်ဘာ၂၁ရက်

ရန်ကုန်တိုင်းအတွင်း ဧရာ၀တီဘဏ်ခွဲ၄၃ဘဏ်စက်တင်ဘာ၂၁ရက်မှစတင်ကာယာယီပိတ်ထားလိုက်ကြောင်း သိရသည်။

COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘဏ်ခွဲများကို (၂၁.၉.၂၀၂၀) မှ စတင်ပြီး လျှော့ချဖွင့်လှစ်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း ဟူ၍ဘဏ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ဧရာဝတီဘဏ်အနေဖြင့် ယခုအခါ COVID-19 ဖြစ်ပွါးနေစဉ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် မိမိတို့နှင့် ဆက်သွယ်ဆက်ဆံနေသော Customer များနှင့် မိမိတို့ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိကဦးစားပေးအဖြစ် ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာချက်တွင်ဖော်ပြပါရှိသည်။

သို့သော်၄၃ဘဏ်ပိတ်ထားသော်လည်း၇၈ဘဏ်မှာဘဏ်လုပ်ငန်းများဆက်လက်ဆောင်ရွက်၍ဖွင့်လှစ်ထားမည်ဖြစ်သည်။

Myanmar Harp


Spread the love
  •  
  •  
  •  
  •  
  •  
  •