ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လွဲ၍ ကျန်သည့် NLD ဝန်ကြီးချုပ်များ ရွေးကောက်ပွဲတွင် ပြန်ဝင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လွဲ၍ ကျန်သည့် NLD ဝန်ကြီးချုပ်များ ရွေးကောက်ပွဲတွင် ပြန်ဝင်မည်

 

 

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှလည်းကောင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် မယ်စဲ့မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှလည်းကောင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှလည်းကောင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဖလမ်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် ကော့သောင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှလည်းကောင်း၊ မကွေးတိုင်းဒေသကြီ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ပွင့်ဖြူမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အမရပူရမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှလည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ကျိုက်ထိုမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှလည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ဂွမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှလည်းကောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် လားရှိုးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •