ရန်ကုန်တွင် ပြည်သူများအား နေအိမ်တွင်နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက်(၂)ပတ်စာခန့် စားသောက်နိုင်သည့်ရိက္ခာကို ရာရှင်( Ration )စနစ်ဖြင့် ဖြန့်ဖြူးပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တွင် ပြည်သူများအား နေအိမ်တွင်နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက်(၂)ပတ်စာခန့် စားသောက်နိုင်သည့်ရိက္ခာကို ရာရှင်( Ration )စနစ်ဖြင့် ဖြန့်ဖြူးပေးမည်

နေပြည်တော် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ် ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိက္ခာဖြန့်ဝေရန်လိုအပ်ပါက ဖြန့်ဝေပေးရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားချက် ရှိ၍လည်းကောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမိုကြုံတွေ့ ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည့်ကန့် သတ်မှုများ ပြုလုပ်နေ၍လည်းကောင်း၊ အဆိုပါတိုင်းဒေသကြီးရှိ ပြည်သူများသို့ ရိက္ခာဖြန့်ဝေ နိုင်ရေးအတွက် ရိက္ခာဝယ်ယူစုဆောင်းရေးနှင့် ဖြန့်ဖြူးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ကြစေလိုပါ ကြောင်း၊

အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ဖြန့်ဝေမည့်ရိက္ခာများ အလွယ် တကူရရှိရေးနှင့် ရိက္ခာဖြန့်ဝေမှုကြောင့် လူစုလူဝေးမဖြစ်စေရန်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအပေါ် ကာကွယ်၊ ထိန်းသိမ်း၊ ကုသမှု ပြုနေကြသည့် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က  ကိုဗစ်-၁၉ ပထမလှိုင်းကာလ၌ ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပြန့် ပွားမှုများပြားနေခြင်းကြောင့် လူအများစိုးရိမ် ကြောင့်ကြမှုဖြစ်နေကြောင်း၊ လိုအပ်၍ ရန်ကုန် တွင် ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရ မည်ဆိုပါက မိသားစုများအတွက် (၂) ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေး ကြရန်ဖြစ်ပါကြောင်း၊ ရိက္ခာခြောက် သာမက ရိက္ခာအစိုများ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင် ရွက်ထားရန်လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးပေါ်ရိက္ခာစုဆောင်းမှုကို အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးဖြစ်ရာ ထပ်မံစုဆောင်း ရန်လိုအပ်သည်များ ဖြန့်ဖြူးပေးရေးအစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှင့် ညီနောင်အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ဘုရင်နောင်ကုန်စည်ဒိုင်တို့မှ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှု များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

(သတင်းစဉ်)


Spread the love
  •  
  •  
  •  
  •  
  •  
  •