ရန်ကုန်မြို့လယ်ကလမ်းများပိတ်ဆို့ထားပြီး အပြင်လူများဝင်ခွင့်မပြုတော့
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် ၂၈မြို့နယ်ကို
၉.၉.၂၀၂၀ ရက်နေ့က Stay at Home အစီအစဉ် ကြေငြာပြီး မနေ့က ညနေပိုင်းကစကာရန်ကုန်တိုင်း ၄၄ မြို့နယ်ကို တိုင်းပြင်ပခရီးသွားခွင့်ပိတ်ပင်တဲ့အမိန့် ထုတ်ပြန် လိုက်ပါတယ်။
ဒီကနေ့မနက် ၁၁.၉.၂၀၂၀ နေ့မနက်ပိုင်းကစပြီး ရန်ကုန်
မြို့လယ် ကျောက်တံတားမြို့နယ်ရှိ လမ်းသွယ်အားလုံးကိုလမ်းအတွင်းနေထိုင်သူများမှအပ ပြင်ဧည့်သည်နဲ့မော်တော်ယာဥ်များ ဝင်ထွက်ခွင့်ပိတ်ထားပြီး လမ်းတွေကိုလည်း အတားအဆီးများချပြီး ပိတ်ဆို့ထားတာ တွေ့ရပါတယ်။
ရန်ကုန်မြို့လယ်က အဓိကလမ်းမကြီးတွေကိုတော့ ဖွင့်ထားတာတွေ့ရပါတယ်။
ဓာတ်ပုံ – ရွှေအင်းသားခင်မောင်ဝင်း