ရန်ကုန်မြို့အဝင်၊အထွက်၌ COVID-19 စစ်ဆေးရေးဂိတ်တည်ဆောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်မြို့အဝင်၊အထွက်၌ COVID-19 စစ်ဆေးရေးဂိတ်တည်ဆောက်
++++++
ရန်ကုန်မြို့အဝင်၊အထွက် “o”(ဇီးရိုး)မိုင်မှာ COVID-19 စစ်ဆေးရေးဂိတ်တည်ဆောက်နေတယ်လို့ COVID-19​ ဆေးကုသရေးအထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးတင်မြင့် ကပြောပါတယ်။

တည်ဆောက်တာကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ ရွှေသံလွင်ကုမ္ပဏီSKY NET နဲ့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း MLCA တို့က တည်ဆောက်နေတာပါ။တည်ဆောက်နေတဲ့ အထဲမှာ ပါဝင်မယ့်နေရာတွေနဲ့ ပတ်သက်ပြီး ဦးတင်မြင့်ပြောတာက”တိုင်းအစိုးရ ရဲ့ ညွှန်ကြားချက်အရ မြို့အဝင်အထွက်မှာ ကားသမားရော၊ခရီးသည်တွေရော အားလုံးကို စစ်မယ်လို့သိရပါတယ်။အဲ့လိုစစ်ဖို့အတွက် ဒီဂိတ်ကိုဆောက်ခိုင်းတာပါ။ဆွေးနွေးချက်တွေအရ သိရတာကတော့ ကျန်းမာရေးဘက်က စစ်တဲ့အခါမှာလည်း တစ်နေ့ကို အကြမ်းဖျင်း ကားအစီးရေ ငါးရာလောက်စစ်နိုင်ဖို့မှန်းထားကြပါတယ်။အခုစစ်ဆေးရေးဂိတ်မှာတော့ ကားသမားတွေ၊ခရီးသည်တွေပါ ယာယီနားလို့ရမယ့် နေရာတွေ၊ ဆရာဝန်၊ဆရာမတွေအတွက် နားလို့ရမယ့်အခန်း ၊သွေးစစ်မယ့်အခန်းတွေပါသလို ရေချိုးခန်း ၊ အိမ်သာတွေကအစ ပါမှာပါ။ “လို့ ပြောပါတယ်။

အဲဒီဂိတ်ကို ဒီညမှာအပြီးတည်
ဆောက်ပြီးမနက်ဖြန် နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို လွှဲပြောင်းမှာလည်းဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •