ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်သစ် မကြာမီဖွင့်လှစ်မည်  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်သစ် မကြာမီဖွင့်လှစ်မည်

ရန်ကုန် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ လမ်းညွှန်မှုဖြင့် ပြည်သူလူထုမှ ဒီဇိုင်းရေးဆွဲကာ ရန်ကုန်-ပဲခူးလမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ တြိဂံပုံကျွန်းနေရာတွင် တည်ဆောက်လျက်ရှိသော ရန်ကုန်မြို့မှ ကြိုဆိုပါ၏ မြို့အဝင်ဆိုင်းဘုတ် တည်ဆောက်မှု(၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။

အဲဒီ မြို့ အဝင်ဆိုင်းဘုတ်ကို မကြာမီဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် ဆိုင်းဘုတ်ကို Aluminum နှင့် တည်ဆောက်ထားပြီး Light box အမျိုးအစားဖြစ်ကာ ရွှေတိဂုံဘုရားပုံတော်၊ မြို့တော်ခန်းမပုံနှင့် ကရဝိတ်ပုံတို့ကို ထည့်သွင်းတည်ဆောက်ထားသော ခန့်ညားထည်ဝါသည့် မြို့အဝင်ဆိုင်းဘုတ်ကြီးဖြစ်ကြောင်း သိရှိရပါတယ်။

#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •