မြန်မာပြည် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံ နှင့်
ဖောင်ကြီးဆေးရုံတို့မှ ICU ပုံရိပ်များ။
ICU မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန် သူနာပြု
နှင့် ကျန်းမာရေးလုပ်သား အားလုံကို ချီးကျူး ဂုဏ်ပြုရအောင်ပါ။
ကြောက်အောင်ခြောက်လှန့်နေတာမဟုတ်ပါ
ဂရုစိုက်ကြဖို့ သတိပေးနေတာပါ
*********************************************
ICU -1 ရဲ.ညနေခင်းတိုက်ပွဲ
Prof U Mya Soe Team
👋👋👋👋👋👋👋👋
ICUကို လူနာ ၄ယောက်တစ်ပြိုင်ထဲနီးပါးရောက်
ကိုယ်က ICU 2 က ဆိုတော. အပြင်က ကူသူ
လက်မထောင်နေလို. ဓါတ်ပုံရိုက်လို.ထောင်ပြတယ်မထင်နဲ. အပြင်က Microphone နဲ.ပြောတာ နားလည်တယ် လုပ်ပြီးပြီ အိုကေတယ်ပြောတာပါ
အတွငိးကလိုချင်တာတောင်းဖို. ခလုတ်လာနှိပ်ရင်လဲ မိုက်ကလေးပွင့်ပါတယ်။
လူနာနဲ.အတူပါလာတဲ.Chart ကစာရွက်ကလေးမှန်မှာလာကပ်ပြရင် လူနာ Data အမြန်ကူးပေးရပါတယ်။ ဘယ်လောက်စုံအောင်ယူသွားသွား မစုံဘူးနော် ။လိုတဲ.ဆေးအပြင်ကထပ်ဖျော်ပေး စာလုံပြူးအောင်ရေးလဲဖတ်မရလို. Colour code ပါတပ်ပေးရတယ်။
အထဲမှာဆေးတွေထားပေမဲ.လူမအားသလိုအထပ်ထပ်ဝတ်ထားတော.ပုလင်းဖတ်ရဖျော်ရစာကပ်ရအချိန်ပိုကြာပါတယ် ။နားကျပ်နားထောင်ဖို. နားပေါက်မရှိသလို သူ. Pluse လေးကို နေရာစုံမှာလက်အိတ်ထူအောက်ကစမ်းကျင့်ရနေပါပြီ။
Patient restless ဖြစ်သလောက် ကိုယ်တည်ငြိမ်ဖို.လိုပါတယ်နော် ။ရှိသမျစက်ကိုင်တွယ်တတ်ရမယ်ဘယ်သူလာပါအုံးခေါ်မရပါဘူးနော်။ဖြစ်နိုင်ရင်တော.မကူးအောင်နေကြပါ။ကူးပြီးတကွဲတပြားကုသခံရချိန်အိမ်သားချင်းဓါတ်ပုံလေးရိုက်ပေးပါဖုန်းဆက်ကြတယ် အထဲကို ဖုန်းယူမသွားရပါဘူးနော်။မှန်အပြင်ကလူကဘဲလှမ်းရိုက်ပေးတာမို. အဝေးရိုက်ဘဲပေးနိုင်ပါတယ်။
မကူးကြမှဖြစ်မှာပါ
ကူးရင်တကမ္ဘာခြားသွားတာပါ ကုသပေးရတာလဲတော်တော်ခက်ပါတယ်။အထဲကလူကိုထပ်စစ်ကူချင်လို.အမြန်ဝင်ချင်လဲလုံအောင်ဝတ်ဖို.တွက်စိုးရိမ်မှူဒီဂရီကိုချိုးနှိမ်ရပါတယ်။
ပြောပြနေတာ ဆင်ခြင်ကြစေချင်လို.ပါ
ဒီလိုတွေပြောလို.အမြင်စောင်းတဲ.သူတွေလဲရှိတတ်ပါတယ်။မကူးအောင်သာနေကြပါ။
အကျိုးမျော်ပြောပြတာပါနော်။
Health Person တွေကိုသနားစေချင်လို.ပြောတာလုံးဝမဟုတ်သလိုယုံတမ်းစကားတွေနံ.ခြောက်နေတာလဲမဟုတ်ပါလူနာတွေဒုက္ခကိုမှန်းကြည့်စေချင်တာ။ကိုယ့်အမအရွယ်အကိုအရွယ်အမေအရွယ်တွေ ထိသလိုကိုယ့်ထက်ငယ်တာတွေလဲအသက်မနည်းရှူနေကြရတယ်။
အခြားရောဂါထက်အရေးကြီးနေသလားမေးရင်
အခြားရောဂါတွေကိုပြန်ကုပေးချင်လို. ကိုဗစ်ခံစစ်အောင်ချင်ပါတယ်။
@Su Ya
ကုသ ပေး နေတဲ့ သူတွေ လည်း ဘေး ကင်း ကြ ပါ စေ.။
Morning….
လမ်း ပေါ် ထွက် နေရတဲ့
သူ တွေ ဂရု စိုက် စေ ချင်ပါတယ် ။
ဓါတ်ပုံများကို လက်ရှိ ICU တွင်
တာဝန်ယူပေးနေကြသော
အမ Prof ခင်မိုးဖြူ
ဆရာ Prof ဘုန်းမြင့်
ဒေါက်တာဇာလီငြိမ်း တို့ထံမှ ကူးယူးဖော်ပြပါသည်။
အားလုံ အန္တရာယ်ကင်းကြပါစေ။
တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေဝန်ထမ်း အားလုံအားရှိကြရအောင် များများသာ ချီးကျူးဂုဏ်ပြုပေးကြပါဗျာ။
သူတို့လဲ အရမ်းပင်ပန်းနေကြပါပြီ။
Dr Myo Thet Aung
@Drmyo ထံမှကူးယူဖော်ပြပါသည်။