ရန်ကုန်မြို.က Quarantine Centre များတွင်ကူညီရန် လူမှုရေးအသင်းအဖွဲ.များ၊ စေတနာ့ဝန်ထမ်းများ အမြန်လာရောက်ဆက်သွယ်ပေးကြပါ
လက်ရှိအချိန် ရန်ကုန်မှာ Quarantine ဝင်နေသူ ၆၀၀၀ ခန်ရှိပြီး ရခိုင်မှပြန်လာသူ ၁၀၀၀ ကျော်ကို ၂ ရက်
အတွင်း နေရာထိုင်ခင်းဖန်တီးပေးထားရပါတယ်။ ရန်ကုန်မြို.မှာ Quarantine Centre ၇ ခု အသစ်ထပ်မံဖွင့်လှစ်ထားရပါတယ်။
Quarantine Centre ဝင်ရောက်နေသူများကိုကူညီဖို. ရန်ကုန်မြို.က လူမှုရေးအသင်းအဖွဲ.များ၊ စေတနာ့ဝန်ထမ်းများ အမြန်လာရောက်ဆက်သွယ်ပေးကြပါရန် တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို. နေ ပြည်သူများအနေနဲ.လည်း Stay at Home ကာလအတွင်း မလိုအပ်ပါက အပြင်မထွက်ပဲ သတ်မှတ်စည်းကမ်းများကို လိုက်နာပေးကြပါရန်နှင့် မဖြစ်မနေထွက်ရမည့်ကိစ္စရှိလျင်လည်း Mask တပ်ဆင်ကြပါရန်နှင့် ယခုလို ကူးစက်ပြန့်ပွားမှုမြင့်တက်လာချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။