ရန်ကုန်မှာသွားရောက် လုပ်အားပေးမယ့် မန္တလေးရှိ ပုဂ္ဂလိကဆေးရုံ ၇ ရုံနဲ့ တောင်ကြီးရှိ ဆေးရုံတစ်ရုံတို့မှ  ဆေး၀န်ထမ်း ၅၀ တို့ကို မန်းဝန်ကြီးချုပ် အားပေးစကားပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်မှာသွားရောက် လုပ်အားပေးမယ့် မန္တလေးရှိ ပုဂ္ဂလိကဆေးရုံ ၇ ရုံနဲ့ တောင်ကြီးရှိ ဆေးရုံတစ်ရုံတို့မှ  ဆေး၀န်ထမ်း ၅၀ တို့ကို မန်းဝန်ကြီးချုပ် တွေ့ဆုံ အားပေးစကားပြော

မန္တလေး၊ အောက်တိုဘာ ၂

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအား ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (Myanmar Private Hospital’ Association) ကိုယ်စားပြုပြီး ရန်ကုန်မြို့ သို့သွားရောက်ကြဖို့မြို့တော်ဆေးရုံမှာ စုရပ်ထားပြီး ရောက်ရှိနေကြတဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဆေးရုံ ၇ ရုံနဲ့ တောင်ကြီးမြို့မှာရှိတဲ့ ဆေးရုံ တစ်ရုံတို့မှ လုပ်အားပေး ကျန်းမာရေးဆေး၀န်ထမ်း ၅၀ ဦး တို့ကို တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်) ဥက္ကဋ္ဌ ဒေါက်တာကြူကြူ၊ တာ၀န်ရှိသူတွေနဲ့အတူ သွားရောက် တွေ့ဆုံပြီး ဂုဏ်​ပြု အားပေးစကား ပြောကြားခဲ့ပါတယ်။

ဒီ လုပ်အားပေး ကျန်းမာရေးဆေးဝန်ထမ်းတွေဟာ ယနေ့ နံနက်ပိုင်းက

မြတ်မန္တလာထွန်း Express ကားနဲ့ မန္တလေးမြို့၊ မြို့တော်ဆေးရုံမှ ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြပါပြီ။

ဒီအဖွဲ့ဟာ ရန်ကုန်မြို့သို့ ပထမအကြိမ် သွားရောက်ခြင်း ဖြစ်သလို မြို့တော်ဆေးရုံ၊ ညိမ်း ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ အာရောဂျံဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ မန္တလာဆေးရုံ၊ Grand Mandalay ဆေးရုံ နှင့် တောင်ကြီးမြို့ရှိ မြတ်တော်၀န် ဆေးရုံတို့မှ ဆရာ၀န် ၁၅ ဦး၊ သူနာပြု ၃၀ ဦးနှင့် အခြား ကျန်းမာရေး ၀န်ထမ်း ၅ ဦး တို့ပါ၀င် ကြပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင် းပါ၀င်ကြမယ့် အဖွဲ့တွေ ပါ၊

မန္တလေးမြို့လူထုရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်၊

ပြည်သူတွေရဲ့ကျန်းမာရေးကို ကာကွယ်နိုင်ဖို့က အလွန်အရေးကြီးပါ တယ်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟို ကော်မတီက  Volunteer အားလုံးကို ဖိတ်ခေါ်ထားတယ်၊ အမျိုးသားရေးတာ၀န်တစ်ခု ထမ်းဆောင်တာလည်း ဖြစ်တယ်၊ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း Volunteer တွေရှိပါတယ်၊ အားလုံးက ကိုယ့်ကျန်းမာရေးကို မငဲ့ကွက်ဘဲ တိုင်းပြည်ကာကွယ်တဲ့ နေရာမှာ ဆရာ၀န်တွေ ကျန်းမာရေး၀န်ထမ်းတွေ အနေနဲ့ လည်း အားလုံး တိုက်ပွဲ၀င်နေကြတာပါ၊ ပြည်သူတွေကို ဂရုစိုက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ကူညီ ဆောင်ရွက်ပေး နေသလိုမိမိ ကိုယ်ကိုလည်း ဂရုစိုက်ကြ စေချင်ပါတယ်။

ပြည်သူလူထု အားလုံး COVID-19 ရောဂါမှ ကင်းဝေးနိုင်ကြပါစေ။

COVID-19 ဖြစ်ပွားနေသူ များလည်း အမြန် ပျောက်ကင်းပါစေကြောင်း ဆုတောင်း အပ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •