ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားတဲ့ အထည်ချုပ်စက်ရုံတွေနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို အောက်တိုဘာလ(၁၂)ရက်နေ့ကစပြီး ပြန်လုပ်ကိုင်ခွင့်ပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်မှာ ကိုဗစ်ကာကွယ်ရေး(A)အဆင့်ရတဲ့ အလုပ်တွေပြန်လုပ်နိုင်ပြီ

ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် အဆင့်(A)ရအောင်ပြင်ဆင်ထားတဲ့ ကုန်ကြမ်းယူကုန်ချောပေး လက်ခစား လုပ်ငန်း(CMP)စက်ရုံအလုပ်ရုံတွေနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို အောက်တိုဘာလ(၁၂)ရက်နေ့ကစပြီး ပြန်လုပ်ကိုင်ခွင့်ပြုမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ထားရှိရန် နှင့် ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား အောက်တိုဘာ ၁၂ ရက်မှစ၍ Coronavirus disease 2019 ( COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက CMP လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ(၂၄)ရက်နေ့က စပြီးတော့ အလုပ်မသွားကြဖို့တားမြစ်ထားတာကို အောက်တိုဘာလ (၂၁) ရက်နေ့အထိ သက်တမ်းတိုးခဲ့ပေမဲ့ ဒီနေ့မှာတော့ စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာတော့ အောက်တိုဘာလ (၁၀) ရက်ညပိုင်းအထိ ပိုးတွေ့လူနာ (၂၆၀၆၄) ဦးရှိနေပြီးတော့ ရောဂါကပြန်လည်သက်သာလာလို့ ဆေးရုံဆင်းခွင့်ရသူ (၇၀၅၀) ဦးနဲ့ သေဆုံးသူ (၅၉၈) ဦးရှိနေပါတယ်။

အဲဒီထဲမှာတော့ ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာစုစုပေါင်းဟာ (၂)သောင်းနီးပါးအထိ ရှိနေပါတယ်။

<span;>Source – MOHS


Spread the love
  •  
  •  
  •  
  •  
  •  
  •