ရန်ကုန်မှ မန္တလေးသို့ (၈)နာရီခန့်သာ ကြာမြင့်မည့်ဂျပန်နိုင်ငံမှ (DEMU) အမျိုးအစားရထားတွဲ ၆စင်း သီလ၀ါဆိပ်ကမ်းရောက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်မှ မန္တလေးသို့ (၈)နာရီခန့်သာ ကြာမြင့်မည့်ဂျပန်နိုင်ငံမှ (DEMU) အမျိုးအစားရထားတွဲ ၆စင်း သီလ၀ါဆိပ်ကမ်းရောက်

ဂျပန်နိုင်ငံမှ Diesel Electric Multiple Unit (DEMU) အမျိုးအစားသစ် ရထားတွဲ ၆စင်းသည် ပထမအသုတ်အဖြစ် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ စက်တင်ဘာ ၄ ရက်နေ့တွင် ဆိုက်ရောက်ခဲ့ပြီဖြစ်ပါသည်။

 

အဆိုပါ ရထားတွဲသစ်များမှာ မြန်မာနိုင်ငံ၏ မီးရထားကဏ္ဍအတွက် ပထမဆုံးအသုံးပြုမည့် တွဲဆိုင်းသစ်များဖြစ်ပြီး စွမ်းအင်ပိုမိုချွေတာနိုင်ခြင်း၊ မီးခိုးထုတ်လွှင့်မှု နည်းပါးခြင်းအပြင် ရထားအတွင်းပိုင်း၌လည်း သက်တောင့်သက်သာ ရှိသည့် ထိုင်ခုံများ၊ သန့်ရှင်းသောအိမ်သာများဖြင့် အများပြည်သူများ အေးချမ်းစွာ စီးနှင်းနိုင်မည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံတွင် ထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့သော DEMU ရထားတွဲဆိုင်းများ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။

အဆိုပါ DEMU ရထားတွဲ (၆)တွဲပါသော တွဲဆိုင်း(၄)ဆိုင်းဖြင့် (၂၄)တွဲရောက်ရှိတာဖြစ်ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၆၄)သန်းခန့်ဖြစ်ကြောင်းသိရပါသည်။

ယခုရောက်ရှိသော DEMU ရထားတွဲဆိုင်းများကို ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်မှု စီမံကိန်း၏ ပထမအဆင့် Phase-1 ရန်ကုန်-တောင်ငူလမ်းပိုင်းတွင် ပြေးဆွဲမည့်အစီအစဉ်အတွက် ဂျပန် JICA ODA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရပါသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်မှုပြီးစီးပါက ရထားအမြန်နှုန်း တစ်နာရီလျင် ပျမ်းမျှ ၁၀၀ ကီလိုမီတာနှုန်းဖြင့် ခုတ်မောင်းနိုင်မည်ဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ (၈)နာရီခန့်သာ ကြာမြင့်မည်ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •