ရန်ကုန်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ထားသည့်အဆို ရှုံးနိမ့် ၊စွပ်စွဲချက်များ မှန်ကန်မှုမရှိဟု ဝန်ကြီးချုပ် ခုခံချေပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ထားသည့်အဆို ရှုံးနိမ့် ၊စွပ်စွဲချက်များ မှန်ကန်မှုမရှိဟု ဝန်ကြီးချုပ် ခုခံချေပ။

ရန်ကုန်၊ဇွန် ၁၈ရက်

ရန်ကုန်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ထားသည့်အဆို ကန့်ကွက်သူများသဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။

ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ယခင်အစိုးရအဖွဲ့မှ လုံနယ်ဝန်ကြီးဟောင်းဦးတင်ဝင်းပါ (၃၂) ဦးတို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပေါ် စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက် များကို ယနေ့ လွှတ်တော်တွင် တင်ပြခြင်းနှင့်အဆုံး အဖြတ် ရယူခဲ့ရာ အဆိုအပေါ် ကန့်ကွက်သူများသဖြင့် အဆို ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပေါ် စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း ၍ ရန်ကုန်လွှတ်တော်ဒုတိယဥက္ကဌဦးလင်းနိုင်မြင့်ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်ဟုသိရပါတယ်။

စွပ်စွဲပြစ်တင်မှုများအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်က စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်း ခုခံချေပမှုများပြုလုပ်ခဲ့သည့်အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း စွပ်စွဲပြစ်တင်ချက်များသည် မှန်ကန်မှုမရှိကြောင်း၊ဖွဲစည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်နိုင်သည့် ညှိစွန်းမှုလည်းမရှိသည်ကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရကြောင်း လွှတ်တော်ကို အစီရင်ခံခဲ့တာပါ။

လွှတ်တော်ဥက္ကဌက အစီရင်ခံစာဖတ်ကြားနေစဉ်မှာပင် ထိုအဆိုကို ဦးဆောင်တင်သွင်းသည့် ကြံ့ခိုင်ရေးပါတီမှ ကိုကိုကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက မတ်တပ်ရပ်၍ ကန့်ကွက် ပြောဆိုမှုပြုလုပ်ခဲ့ရာ လွှတ်တော်ဥက္ကဌ ကချက်ချင်း ဟန့်တားခဲ့ပြီး ခွင့်ပြုမှ ပြောဆိုဆွေးနွေးရန်နှင့် သူ့အနေဖြင့် ခွင့်မပြုကြောင်း ပြောဆိုခဲ့ပါတယ်။

စွပ်စွဲပြစ်တင်မှုကို မဲခွဲရာ ကန့်ကွက်သူ၇၇ မဲ၊ထောက်ခံသူ၂၅ မဲ ရရှိခဲ့၍ အဆို ရှုံးနိမ့်သွားခြင်းဖြစ်သည်။ ထို့ကြောင့် လွှတ်တော်ဥက္ကဌက စွပ်စွဲပြစ်တင်မှု မမှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •