ရန်ကုန်သက်မွေးနည်းပညာကောလိပ် နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၅)ခု  လက်မှတ်ရေးထိုး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်သက်မွေးနည်းပညာကောလိပ် နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၅)ခု  လက်မှတ်ရေးထိုး

မြန်မာနိုင်ငံတွင် ပထမဆုံး သက်မွေနည်းပညာကောလိပ် အဖြစ် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ အောင်တိုင်းကျော် မြခွါညို အိမ်ယာ တွင် တည်ထောင်ဖွင့်လှစ်ထားရာ ၊ ယခုဆိုလျှင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၅)ခု နှင့် သက်မွေနည်းပညာတွေ သင်တန်းပို့ချမူအစီအစဉ်များနှင့် ပါတ်သက်ပြီး စာချူပ်ချူပ်ဆိုမူအခမ်းအနားကို ယခုလ (၂၅) ရက်နေ့က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ အဆိုပါ ရန်ကုန်သက်မွေးနည်းပညာကောလိပ်တွင် နံနက်(၁၀) နာရီက လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ကြောင်းသိရသည် ။

 

ဒီသက်မွေးနည်းပညာကောလိပ်မှာတော့ အဓိကဖြင့်ဆောက်လုပ်နည်းပညာ၊စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ၊ မော်တော်ကားတပ်ဆင်မှုနည်းပညာ၊ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်း၊နိုင်ငံဘာသာစကား၊စီးပွားစီမံခန့်ခွဲမှုနည်းပညာ၊လျှပ်စစ်စသည့်ဘာသာရပ်စတဲ့နည်းပညာ၁၈မျိုးတို့ကို သင်းကြားပေးသွားမှာဖြစ်ပါတယ်။

 

ရန်ကုန်အသက်မွေးနည်းပညာကောလိပ် မှာတော့သင်တန်းသား၁ထောင်ကိုစတင်လက်ခံ သင်ကြားပေးသွားမှာဖြစ်ပြီးသင်တန်းကာလတွေက သင်ကြားမှု ဘာသာရပ်ပေါ်မှုတည်ပြီး ၃လကနေ၆လအထိရှိပါတယ်။


ရန်ကုန်သက်မွေးနည်းပညာကောလိပ်အနေဖြင့် မြန်မာနိုင်ငံရှိ နာမည်ကြီး အနုပညာရှင်များကိုလည်း တရုတ်နိုင်ငံ သို့ ပညာတော်သင်အဖြစ်စေလွှတ်ရန်အစီအစဉ်များရှိသလို ၊ ကိုယ်စားလှယ်အဖြစ်လည်း ဖြူဖြူထွေး ၊ အလှမယ် ထက်ထက်ထွန်း ၊ နန်းမွှေ့စံ၊ စသည့် တို့ကို ကိုယ်စားလှယ်များအဖြစ်ခန့်အပ်ထားကြောင်းသိရသည် ။


Spread the love
  •  
  •  
  •  
  •  
  •  
  •