ရန်ကုန်သို့ Volunteer အဖြစ် တစ်လကျော် သွားရောက် တာဝန်ထမ်းဆောင်သော သူနာပြုဆရာ၊ ဆရာမများအား ကြိုဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်သို့ Volunteer အဖြစ် တစ်လကျော် သွားရောက် တာဝန်ထမ်းဆောင်သော သူနာပြုဆရာ၊ ဆရာမများအား ကြိုဆို
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဘားအံ၊ နိုဝင်ဘာ(၁၀)

COVID-19 ကုသရေးအတွက် ရန်ကုန်သို့ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကရင်ပြည်နယ်က သူနာပြုဆရာ၊ ဆရာမများသည် အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းက ဘားအံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အောင်မြင့်မိုရ်အိမ်ယာ COVID-19 ကုသရေးစင်တာတွင် သွားရောက်တာဝန်ထမ်းဆောင်သည့် ဒုတိယအသုတ် သူနာပြုဆရာ၊ ဆရာမ ၁၈ ဦးသည် တာဝန်ပြီးဆုံးပြီး ဘားအံသူနာပြုသင်တန်းကျောင်းတွင် ပြန်လည်ရောက်ရှိရာ ဘားအံသူနာပြုသင်တန်းကျောင်း ဆရာမများနှင့် ဆေးရုံကြီးက ဆရာမများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

အဆိုပါ သူနာပြုဆရာ၊ ဆရာမများသည် အောင်မြင့်မိုရ်အိမ်ယာ COVID-19 ကုသရေးစင်တာတွင် တစ်လကျော်ကြာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသည့် သူနာပြုများကို ဘားအံသူနာပြုသင်တန်းကျောင်းတွင် Quarantine ထားရှိသွားမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြသည့် ကရင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း သူနာပြု ဆရာ၊ ဆရာမ (၈၀) ဦး ခန့်ရှိပြီး အသုတ်အားဖြင့် ၄ သုတ်မြောက် သွားရောက်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဘားအံသူနာပြု သင်တန်းကျောင်းမှ သိရှိရပါသည်

#ဘားအံသတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •