ရန်ကုန်၊ကိုဗစ် နောက်ဆုံးတိုက်ပွဲ အတွက် အစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်၊ သူနာပြု နှင့် ကျန်းမာရေးအင်အားစုများ လုပ်အား ပေးကူညီပါရန် ဆေးတက္ကသိုလ် ၁၊ ပါမောက္ခချုပ်  ဖိတ်ခေါ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်၊ကိုဗစ် နောက်ဆုံးတိုက်ပွဲ အတွက် အစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်၊ သူနာပြု နှင့် ကျန်းမာရေးအင်အားစုများ လုပ်အား ပေးကူညီပါရန် ဆေးတက္ကသိုလ် ၁၊ ပါမောက္ခချုပ်  ဖိတ်ခေါ်

“ကျွန်တော့်အနေနဲ့တော့ ဒီနေရာကနေ အနူးအညွတ် တောင်းပန် ၊ ဖိတ်ခေါ်အပ်ပါတယ်။”

အင်နှင့်အားနှင့် ကိုဗစ် တိုက်ပွဲကို အနိုင်တိုက်နိုင်ရင် အစိုးရဝန်ထမ်းမဟုတ်သည့်  ဆရာဝန်များ ၊ သူနာပြုများအပါ အဝင် နယ် ပယ် အသီးသီးမှကျန်းမာရေး ဆိုင်ရာပညာရှင်များကို လုပ်အားပေး ကူညီရန် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး  (ကိုဗစ် ကုသ တိုက်ဖျက်ရေး ကော်မတီ ဒုဥက္ကဌ ) က ဖိတ်ခေါ်လိုက်သည်။

“ ဆေးတက္ကသိုလ်-၁ ၊ MMA ၊ သက်ဆိုင်ရာ အသင်းအဖွဲ့တွေမှာ volunteer စာရင်းပေးပါ။ အဲ့ဒီကနေပြီး ကျန်းမာ ရေး နဲ့ အားကစားဝန်ကြီးဌာနကို ဆက်သွယ်ပါ။ ဒီတိုက်ပွဲထဲမှာ အားလုံးဝင်ပြီးတိုက်ကြဖို့ ကျွန်တော့်အနေနဲ့တော့ ဒီနေရာကနေ အနူးအညွတ် တောင်းပန် ၊ ဖိတ်ခေါ်အပ်ပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်းကို ဆက်သွယ်လို့ရပါတယ်။ HA အသင်းကို ဆက်သွယ်လို့ရပါတယ်။ “ဟု ဒေါက်တာဇော်ဝေစိုးက စက်တင်ဘာ ၂၈ ရက်နေ့တွင် Skynet ရုပ်သံက တိုက်ရိုက်ထုတ်လုပ်မှု အစီအစဉ်တွင် ဖိတ်ခေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။

သူနာပြုအသင်း၊ သူနာပြု ကောင်စီတွေကို ဆက်သွယ်လို့ရပါတယ်။ အဲဒီကနေ ဆက်သွယ်ပြီးတော့ ပါဝင်ကြပါ၊ ကျွန်တော်တို့ ဒီ စင်တာတွေမှာ လူတွေ တစ်ထောင်၊ နှစ်ထောင် ရှိတဲ့ စင်တာတွေမှာ သူတို့ရဲ့ medical Care ၊ medical cover ကို ပေးရမှာ ဖြစ်ပါတယ်။

အခုဆိုရင် ဆေးတက္ကသိုလ် -၁ ဝက်ဘ်ဆိုက်မှာ ဒီဟာကို တင်ထားပါတယ်။ Volunteer ဘယ်လိုဝင်ရမယ်၊ ဘာတွေရှိတယ်ဆိုတာကို ၊ ဝက်ဘ်ဆိုက်က http://um1ygn. edu.mm/ ဖြစ်ပါတယ်။

အဲဒီမှာ ဝင်ကြည့်မယ်ဆိုရင် volunteer နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရေးထားပါတယ်။ အခုလည်း မနေ့ကနေစပြီး volunteer စာရင်းတွေ ရရှိနေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒီအချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆရာကြီး ဦးမြင့်ထွေးရယ် အမြဲတမ်းအတွင်းဝန်တို့ရဲ့ ဦးဆောင်မှုအောက်မှာ ဆရာကြီးတို့နဲ့ အချိန်ပြည့် စက္ကန့်မလပ် ဆက်သွယ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ နောက်ဆုံးအချိန် အားလုံးဝိုင်းပြီးတော့ ဒီဟာကို တွန်းကြဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ သည် ။

ဆေးတက္ကသိုလ် ၁ ဖေ့ဘုတ် စာမျက်နှာတွင်လည်း Volunteer လျောက်ထားရမည့် အချက်အလက်အဖြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်

==================

COVID19 ကုသရေးအတွက် အစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးအင်အားစု ဆန္ဒပြုသူ များ စာရင်းကောက်ယူခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID19 ကုသရေးဌာနများကို တိုးချဲ့ဆောင်ရွက်ရလျက်ရှိရာ အဆိုပါဌာနများတွင် တာဝန်ထမ်းဆောင်ရန် အစိုးရဝန်ထမ်းမဟုတ်သော အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျပညာရှင်များနှင့် ဆေးဝါးပညာရှင်များ အား ဆန္ဒပြုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

တာဝန်ထမ်းဆောင်ရမည့် နေရာများမှာ –

(၁) ဖောင်ကြီး

(၂) အောင်မြင်းမိုရ် (တောင်ဒဂုံ)

(၃) ရိုးမ-၁ နှင့် ရိုးမ-၂ (ဒဂုံဆိပ်ကမ်း)

(၄) လှိုင် ကိုဗစ်၁၉ ကုသရေး ဌာနများ ဖြစ်ပါသည်။

ဆောင်ရွက်ရမည့် အလုပ်မှာ ဆေးကုသရေးဖြစ်ပါသည်။

ဆန္ဒပြုရန် အောက်ပါ link တွင် ဝင်ရောက်၍ အချက်အလက်များ ဖြည့်ပေးပါရန် –

https://forms.gle/NZLKHQCqPHSuYKWj7

ဆက်လက်လုပ်ဆောင်ရမည်တို့ကို ပြန်လည်ကြေငြာပေးမည်ဖြစ်ပြီး Email များသို့လည်း ဆက်သွယ်ဆောင်ရွက်သွားပါမည်။

စုံစမ်းမေးမြန်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

☎️ 09790642343 Sithu Aung(UM1VTF)

☎️ 09254192433 ThelHtike YeHtun(UM1VTF)

☎️  09761408038 Pyae Sone Ko Ko(UM1VTF)

☎️  09421104166 Hein Sett Aung(UM1VTF)

☎️  09426491827 Nay Myo Naing(UM1VTF)

☎️  095042093 April May Htun(UM1VTF)


Spread the love
  •  
  •  
  •  
  •  
  •  
  •