ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် တတိယအခေါက် ထွက်ခွာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် တတိယအခေါက် ထွက်ခွာ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန်၊ နိုဝင်ဘာ (၁၇)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း တတိယအခေါက်ခရီးစဉ်ကို သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် MV.CHARITES ရေယာဉ်ဖြင့် ယမန်နေ့ ၊ ညနေ (၃) နာရီ (၁၅) မိနစ်တွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း အမှတ်(၃) ဆိပ်ခံတံတားမှ ထွက်ခွာသွားသည်။

ခရီးစဉ်တွင် လိုက်ပါမည့်သူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Corinavirus Disease 2019 (COVID-19) နှင့် စပ်လျဉ်း၍ (၁၄) ရက် Quarantine ဝင်ရောက်ခဲ့ပြီး သင်္ဘောပေါ်၌ ရေယာဉ်ဝန်ထမ်း အပါအဝင် ခရီးသည် စုစုပေါင်း (၄၀)၊ ဒေသခံပြည်သူများ၏ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်မီးနှင့် ပတ်သက်သည့် အထောက်အပံ့ပစ္စည်းများ စုစုပေါင်း တန်ချိန် (၁၅၂) တန်ခန့် တင်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ရေယာဉ်ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#သတင်းစဉ်


Spread the love
  •  
  •  
  •  
  •  
  •  
  •