ရန်ကုန် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ(ဖောင်ကြီး) ကို သွားရောက် ကူညီမယ့် ဆရာဝန်အဖွဲ့ကို မန်းဝန်ကြီးချုပ် ဂုဏ်ပြု အားပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ(ဖောင်ကြီး) ကို သွားရောက်အားဖြည့် ကူညီမယ့် ဆရာဝန်အဖွဲ့ကို ဆေးတက္ကသိုလ် (မန္တလေး) မှာ မနက်က ဂုဏ်ပြု အားပေးခဲ့ပါတယ်။

အဲ့ဒီ အဖွဲ့မှာ ဆေးပညာဌာနက ဒေါက်တာမျိုးညွန့် နဲ့ မေ့ဆေးပညာဌာနက ဒေါက်တာရီစန္ဒာသိန်း ဦးဆောင်ပြီး ဆေးပညာဌာနက ၁၆ ဦး၊ မေ့ဆေးဌာနက ၁၂ ဦး ပါဝင်ပါတယ်။

တိုင်းပြည် အနေနဲ့ ဒီနေ့အချိန်မှာ အရေးကြီးဆုံးက ကိုဗစ်-၁၉ ရောဂါပါ၊ အဓိက ပြည်သူတွေရဲ့ ကျန်းမာရေးပါ၊၊ ရင်ဆိုင် တိုက်ပွဲဝင်ကြရတဲ့အခါ ကျန်းမာရေး ဝန်ထမ်းတွေက ထိပ်ဆုံးကပါ၊ ရောဂါဟာ ကူးစက်မြန်တယ်၊ သွားရမယ့် သူတွေအတွက် အန္တရာယ်ရှိပါတယ်၊

ဒီလို သွားကူညီဖို့ မန္တလေးကို ကိုယ်စားပြုသွားတာ သုံးဖွဲ့ ရှိပါပြီ၊ အမျိုးသားရေး လုပ်ငန်းမှာ တာဝန်ထမ်းဆောင်ပေးတဲ့ အတွက် သွားကူညီမယ့် အဖွဲ့ကို ပြည်သူလူထုရဲ့ ကိုယ်စား ကျန်းမာရေး ဝန်ထမ်း‌ တွေ ကိုယ်စား ကျေးဇူးတင်ပါတယ်၊

ပြည်သူတွေရဲ့ ကျန်းမာရေးကို တာဝန်ယူတဲ့ အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း တတ်နိုင်သမျှ ကာကွယ်ကြရမှာပါ။ မွန်မွန်မြတ်မြတ် အောင်‌အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမှာပါ။

ပြည်သူတွေကလည်း ပူးပေါင်းကြပါ။
စည်းကမ်း လိုက်နာကြပါ။

ကိုဗစ် ၁၉ ကို အရှုံးမပေးဘဲ နိုင်အောင် တိုက်ကြရအောင်ပါ။
မိမိက စပြီး ကာကွယ်လိုက်ကြပါစို့ပါ။

Dr Zaw Myint Maung

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •