ရန်ကုန် – စစ်တွေ လေကြောင်းလိုင်းတွေကို ရပ်နားလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ Covid 19ရောဂါပိုးတွေ့ရှိတဲ့လူနာတွေရှိနေတာမို့ ရန်ကုန် စစ်တွေကို
ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကို ရပ်နားလိုက်ပြီလို့ သိရပါတယ်။

ရန်ကုန်_စစ်တွေ_ရန်ကုန်ခရီးစဉ်ရပ်နားလိုက်တဲ့ လေကြောင်းလိုင်းတွေကတော့ Myanmar National Airlines ၊ Mann Yadanarpon Airlines၊ Air Thanlwin တို့ဖြစ်ပါတယ်။

 


Myanmar National Airlines ကို သြဂုတ်လ ၂၀ရက်နေ့မှ စက်တင်ဘာလ ၅ရက်နေ့အထိ၊ Mann Yadanarpon Airlines၊ ကို သြဂုတ်လ၂၀ရက်နေ့ မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ၊ Air Thanlwin လိုင်းကို သြဂုတ်လ ၂၀ရက်မှ သြဂုတ်လ ၃၀ရက်အထိ ရပ်နားသွားမယ်လို့ သက်ဆိုင်ရာလေကြောင်းလိုင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသူ
( ပြည်တွင်းကူးစက်မှု) တစ်ဦး တွေ့ရှိခဲ့ပြီး ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းအထိ ပြည်တွင်းကူးစက် ၆ ဦးတွေ့ရှိပြီးတဲ့နောက် စစ်တွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •