ရန်ကုန် ဆေးရုံကြီးက အဆောင် ၁၃-၁၄ ကို အထူးအဆင့်မြှင့်ပြင်ဆင်ပြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန် ဆေးရုံကြီးက အဆောင် ၁၃-၁၄ အထူးပြင်ဆင်ထားတဲ့ပုံပါ။
အရင်က လူနာရော၊ ဆရာဝန်တွေပါ ယပ်တောင်ခပ်နေရတဲ့ အဆောင်ကို အခု ရက်ပိုင်းအတွင်း ပြင်ဆင်လိုက်တာပါတဲ့။

အဲယားကွန်းနဲ့ တီဗွီနဲ့ လူနာတွေ သက်သောင့်
သက်သာနဲ့ နေလို့ရပါပြီ။ ခုတင်တိုင်းမှာ အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်ထားပြီး ဆရာဝန်များနဲ့ အချိန်မရွေး ဆက်သွယ်လို့ရတဲ့ ဖုန်းတစ်လုံးစီကိုလည်း ခုတင်တိုင်းမှာ တပ်ဆင်ထားပါတယ်တဲ့။

အခက်အခဲတွေ ကြားကနေ ရုန်းကန်နေကြရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရဟိတသမားတွေ၊ ဆေးရုံကြီး စီမံခန့်ခွဲသူတွေ၊ စေတနာရှင် အလှူရှင်တွေရဲ့ ကြိုးစားမှု ရလဒ်တစ်ခုကို
မုဒိတာပွားနိုင်အောင် တင်ပြရခြင်းပါ။

Credit – Thein Aye


Spread the love
  •  
  •  
  •  
  •  
  •  
  •