ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် Hijet တစ်စီးတိမ်းမှောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၅.၁၁.၂၀၂၀ရက်နေ့၊ (၀၉ ၅၀)အချိန်ခန့်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၀/၁)နှင့်(၇၀/၀)အကြားတွင် Hijet ယာဉ်သည် ကုန်တင်ယာဉ်တွဲကားအား ကျော်တက်ရာမှ အရှန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ ပါတယ်။

အခင်းဖြစ်ပွားရာသို့  ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်ပေါ်ပါ ကျား (၂) ဦး အနက် ကျား (၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိိရပါတယ်။

Source MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •