ရန်ကုန်-ပဲခူး လမ်းမကြီးကို ဇရပ်ကွင်းလမ်းဆုံမှ ပိတ်ထားလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-ပဲခူး လမ်းမကြီးကို ဇရပ်ကွင်းလမ်းဆုံမှ ပိတ်ထားလိုက်ပြီ

 

ပဲခူးမြို့မှ ရန်ကုန်သို့ဝင်မည့် မော်တော်ယာဉ်များအား
လှည်ကူးမြို့ ၊ဇရပ်ကွင်းလမ်းဆုံမှစပြီးအဝင်ပိတ်လိုက်ပြီဖြစ်ပါတယ်။

 

ရန်ကုန်မှ ပဲခူးသွားမည့်မော်တော်ယာဉ်များအားတားဆီးထားပြီးပဲခူးမှမဖြစ်မနေရန်ကုန်ပြန်ရမည့် သူများဟာရန်ကုန်ဝင်မည်ဆိုပါက  Quaratine ၁၄ ရက်ဝင်ရ မယ်လို့သိရပါတယ်။

ဒီကနေ့ ညနေမှာရန်ကုန်မှလာသည့်ကားများနှင့်ပဲခူးမှလာသည့်ကားများကို ဇရပ်ကွင်းဂိတ်မှပြန်လှည့်ခိုင်းလျှက်ရှိပါတယ်။

 

ကြိုတင်ကြေငြာခြင်းမရှိဘဲ အခုလို ကန့်သတ်လိုက်တဲ့ အတွက် ကုန်တင်ယာဉ်များလမ်းပေါ်မှာ ပိတ်ဆို့ပြီးအခက်အခဲဖြစ်ပေါ်နေပါတယ်။

 

မဖြစ်မနေဖြတ်သန်းရမည်ဆိုပါက သက်ဆိုင်ရာတိုင်းအစိုးရမှထောက်ခံချက်ပါရှိရမယ်လို့လည်းသိရပါတယ်။

ရန်ကုန်တိုင်းအစိုးရက တိုင်းပြင်ပ ခရီးသွားခြင်းကန့်သတ်တဲ့ ညွှန်ကြးချက်ကို မနေ့ညကထုတ်ပြန်ထားပြီး ပဲခူးတိုင်းအစိုးရကတော့ အခုချိန်ထိ ညွှန်ကြားချက်တစ်စုံရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •