ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉၈/၂ နှင့် ၃ကြားတွင် ဆီဘောက်ဆာ(၁)စီး လမ်းချော်တိမ်းမှောက်
၁၈.၆.၂၀၂၀ ရက်နေ့၊ (၀၆ ၃၀)အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉၈/၂ နှင့် ၉၈/၃ကြားတွင် ဆီဘောက်ဆာယာဉ်(၁)စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာသို့ မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကျွန်းကလေးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရွှေဝါမြိုင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့သွားရောက် ကူညီပေးခဲ့ပါတယ်။
Source – MFSD