ရန်ကုန်-ပြည်လမ်းပေါ်မှာ လူနာတင်ယာဉ်တစ်စီး ရထားလမ်းဂိတ်ကိုဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-ပြည်လမ်းပေါ်မှာ လူနာတင်ယာဉ်တစ်စီး ရထားလမ်းဂိတ်ကိုဝင်တိုက်

၃၀.၆.၂၀၂၀ ရက်နေ့၊ ၀၃ ၅၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သင်မန်းကုန်းကျေးရွာအုပ်စု၊ သင်မန်းကုန်းလမ်းဆုံ၊ ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၇/၅)နှင့် (၁၁၇/၆)ကြားတွင် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် AMBULANCE ယာဉ်သည် လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ပဲ ရထားလမ်းဂိတ်ပေါက် သံတံခါးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်နေရာသို.အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •