ရန်ကုန်-ပြည်လမ်းမကြီး၊ ရွှေညောင်ပင်ဘိုးဘိုးကြီးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ကားခေါင်းခန်းအတွင်း ညပ်‌မိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-ပြည်လမ်းမကြီး၊ ရွှေညောင်ပင်ဘိုးဘိုးကြီးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ကားခေါင်းခန်းအတွင်း ညပ်‌မိ

 

၂၆.၁၀.၂၀၂၀ ရက်နေ့၊ (၁၃ ၂၃)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ရွှေညောင်ပင်ဘိုးဘိုးကြီးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကျား(၁)ဦး ကားခေါင်းခန်းအတွင်း ညပ်‌နေခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့  ထောက်ကြန့်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

ကားခေါင်းခန်းအတွင်းညပ်နေသူကျား(၁)ဦးအား (၁၃ ၄၅) အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဗကုလလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •