ရန်ကုန်-ဘားအံကားလမ်းမကြီးပေါ်မှာ မော်တော်ယာဉ်တိမ်းမှောက်ပြီး တစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-ဘားအံကားလမ်းမကြီးပေါ်မှာ မော်တော်ယာဉ်တိမ်းမှောက်ပြီး တစ်ဦးသေဆုံး

၁၆.၈.၂၀၂၀ရက်နေ့၊ ၀၅ ၃၀ အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-ဘားအံကားလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်းရရှိသဖြင့် ဘားအံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ရာ ၀၆ ၀၀ အချိန်တွင်ဆောင်ရွက်ပြီးစီးပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါယာဉ်မောင်း ကျား(၁)ဦးသေဆုံးခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •