ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ်၁၂၄တွင် (၆) ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၁၂.၁၀.၂၀၂၀ ရက်နေ့၊ (၀၆ ၀၀) အချိန်ခန့်၊ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၄/၆) နှင့် (၁၂၄/၇)ကြား၊ နေပြည်တော်/ရန်ကုန်ဘက်ခြမ်းတွင် ကွမ်းခြင်းများတင်ဆောင်လာသော(၆) ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောက်ရွက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး အနက် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့သဖြင့် အကြင်နာကုသိုလ်ပြုပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် အုတ်တွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •