ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ စမအိုင်တံတားမှာရှေ့ကယာဥ်ကိုကျော်တက်စဥ် ယာဥ်နှစ်စီးလုံးတိမ်းမှောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ စမအိုင်တံတားမှာရှေ့ကယာဥ်ကိုကျော်တက်စဥ် ယာဥ်နှစ်စီးလုံးတိမ်းမှောက်

၁၈.၇.၂၀၂၀ ရက်နေ့၊နေ့လည် ၂နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၄/၅)နှင့် (၂၉၄/၆)ကြားတွင် မန္တလေးဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသော Mini Bus (အဖြူရောင်) ခရီးသည်တင်ယာဉ်ဟာ လားရာတူရှေ့မှ မောင်းနှင်နေသည့် Light Truck (အဖြူရောင်)ယာဉ်အား ကျော်တက်စဉ် နောက်မှဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ စမအိုင်တံတား၏ လက်ရမ်းဘောင်များအား တိုက်မိတိမ်းမှောက်ခဲ့ပါတယ်။


Light Truck ယာဉ်ဟာလည်း စမအိုင်တံတားတွင် ကာရံထားသည့် အတားအဆီးများအား တိုက်မိကာ တံတားအောက်သို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သီးကုန်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။


ယာဉ်တိုက်မှုကြောင့် ကျား(၃)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •