ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်(၃၃၃/၆)အနီးတွင်ကားတစ်စီး ထပ်မံတိမ်းမှောက်၊ ၃ ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆)အနီးတွင်ကားတစ်စီး
ထပ်မံတိမ်းမှောက်၊ ၃ ဦးသေဆုံး

၃.၈.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆)အနီးတွင် မော်တော်ယာဉ်(၁)စီးသည် လမ်းချော်၍ လမ်းလယ်ကျွန်းအားကျော်တက်ကာ ဘယ်ရီယာတုံးများအား ဝင်တိုက်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

 

 

အခင်းဖြစ်ပွားရာသို. စကားအင်းအမြန်လမ်းနယ်မြေမီးသတ်စခန်းနှင့် ပြင်စည်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

 

 

ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး အနက် ကျား(၁)ဦး၊ မ(၂) ဦး သေဆုံခဲ့ပြီး ကျား(၁)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာရရှိတို့အား တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို.သိရပါတယ်။

 

 

ဒီကနေ.မနက် ၇နာရီ ၅၀ အချိန်ခန်.ကလည်း အမြန်လမ်း ၁၇၆ မိုင်မှာ ကားတစ်စီးတိမ်းမှောက်ပြီး လူ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •