၂၂.၁၀.၂၀၂၀ ရက်နေ့၊ ၁၄ ၂၅အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၁၉/၅ တွင် တွဲကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာသို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပြင်စည်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါတယ်။
၁၅ ၀၀အချိန် မီးငြိမ်းပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။
Source – MFSD