ရန်ကုန်-မန္တလေး-မြစ်ကြီးနား အမြန်ရထား လူစီးခရီးစဉ်များ ပြေးဆွဲမှု ယာယီရပ်နား
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးမှု ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ရန်ကုန်-မန္တလေး အမြန်ရထား လူစီးခရီးစဉ်များ ပြေးဆွဲမှုယာယီရပ်နားလိုက်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
ရပ်နားလိုက်သည့် ခရီးစဉ်လမ်းကြောင်းများမှာ ရန်ကုန်-မန္တလေး အမှတ်(၄)အစုန်၊ အမှတ်(၃)အဆန်၊အမှတ်(၆)အစုန်၊ အမှတ်(၅)အဆန်၊ မန္တလေး-မြစ်ကြီးနား အမှတ်(၅၈)အစုန်၊ အမှတ်(၅၇)အဆန်၊ အမှတ်(၅၆)အစုန်၊ အမှတ်(၅၅)အဆန်တို့ ဖြစ်ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှု မရပ်တန့်သွားစေရန်အတွက် ကုန်ရထားများနှင့် ပါဆယ်ရထားများအား ဆက်လက်ပြေးဆွဲပေးလျက်ရှိသည်။
#TheMandalayNewsJournal