ရန်ကုန်-မန္တလေး လမ်းဟောင်း သူရဲချောင်းတံတားအနီးမှာ (၁၂)ဘီးကုန်တင်ယာဉ် လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီးတိမ်းမှောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေး လမ်းဟောင်း သူရဲချောင်းတံတားအနီးမှာ (၁၂)ဘီးကုန်တင်ယာဉ် လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီးတိမ်းမှောက်

 

၁၆.၉.၂၀၂၀.ရက်နေ့၊ ၀၆ ၀၀အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာ၊ သူရဲချောင်းတံတားအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၉၂/၆)တွင် ရွှေဘိုမှ ရန်ကုန်သို့ ဆန်အိတ်များတင်ဆောင်၍မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ပဲ ကားလမ်းဘေး(ညာဘက်ခြမ်းရှိ)သစ်ပင်အား ဝင်ရောက်တိုက်မိပြီးတိမ်းမှောက်ခဲ့ပါတယ်။

 

၀၆ ၂၀ အချိန်တွင် သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ယင်းတော်နယ်မြေမီးသတ်စခန်းတို့ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး(သေဆုံး)တို့အား ပျော်ဘွယ်မြို့အလင်းရောင်ပရဟိတအဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •