ရန်ကုန်-မန္တလေး လမ်းအတွက် ဂျပန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များစတင်ပို့ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေး လမ်းအတွက် ဂျပန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များစတင်ပို့ဆောင်

ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် လိုအပ်သည့် ဂျပန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များကို ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ နီဂတ ဆိပ်ကမ်းမှတဆင့် စတင်ပို့ဆောင်နေပြီဖြစ်ပါသည်။

အဆိုပါ ရထားတွဲဆိုင်းသစ်များမှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုမည့် တွဲဆိုင်းသစ်များဖြစ်ပြီး  ထိုစီမံကိန်းမှတဆင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုတိုးတက်လာစေမှာဖြစ်ပါသည်။ ထို့အပြင် ပိုမိုခေတ်မှီသည့် ရထားပို့ဆောင်ရေးစနစ်သို့ ကူးပြောင်းနိုင်မည်သာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှု အတွက်လည်း အထောက်အကူပြုစေမှာဖြစ်ပါသည်။

Source – JAICA Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •