ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဆိုင်ကယ် တက်ရောက်မောင်းနှင်မှုကြောင့် သေဆုံးသူ (၈၉)ဦး ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ပြည့်နှစ် မေလအထိ ဆိုင်ကယ် တက်ရောက်မောင်းနှင်မှုကြောင့် သေဆုံးသူ (၈၉)ဦး ရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ် တက်ရောက်မောင်းနှင်မှုကြောင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ပြည့်နှစ် မေလ အထိ အမှုအရေအတွက် (၂၅၄)မှု၊ သေဆုံး ကျား(၇၅) မ (၁၄)ပေါင်း(၈၉)ဦး၊ထိခိုက်ဒဏ်ရာရ ကျား( ၂၂၆ ) မ ( ၆၄) ပေါင်း (၂၉၀)ဦး ရှိပြီး ရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၅ ခုနှစ်၊ အမြန်လမ်းမကြီးများဥပဒေ အရ အမြန်လမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ခြေလျင်၊လှည်း၊တိရစ္ဆာန်၊ အနှေးယာဉ်များအား ဖြတ်သန်းခြင်း၊သွားလာခြင်း ၊ နားနေခြင်းများမပြုလုပ်ရန် တားမြစ်ထားရာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ထိစပ်ကျေးရွာများမှ ပြည်သူလူထုအား ယာဉ်အန္တရာယ်ကင်းရှင်းရေး နှစ်စဉ် အသိပညာပေးဆောင်ရွက်မှုများ ကြိုးစားဆောင်ရွက်လျက်ရှိသည်။

အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ် မောင်းနှင်၍ ယာဉ်မတော်တဆမှုဖြစ်ပါက လူထိခိုက်ဒဏ်ရာရနိုင်သည့် အပြင် ဥပဒေအရ ဆိုင်ကယ်သမားအား အရေးယူရမည်ဖြစ်သည်။


ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •