ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မန္တလာမင်း Express မှန်လုံယာဥ် တိမ်းမှောက်မှု ဖြစ်ပွါး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မန္တလာမင်း Express မှန်လုံယာဥ် တိမ်းမှောက်မှု ဖြစ်ပွါး

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၃/၄)အနီးတွင် ယနေ့(၈-၈-၂၀၂၀) နံနက် ၃:၃၀ နာရီအချိန်ခန့်က မန္တလာမင်း Express မှန်လုံယာဥ်သည် ဝဲဘက်ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ကတ်တုံးများအား ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်၌ ဘေးတစောင်းလဲကျ တိမ်းမှောက်မှု ဖြစ်ပွါးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည်များအနက် ကျား (၂)+မ (၂) စုစုပေါင်း(၄)ဥဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ(၄)ဦးအနက် မ(၁)ဦးမှာ စိုးရိဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •