ရန်ကုန် မန္တလေး အမြန်လမ်းမှာ ခရီးသည်တစ်ဦးထံမှ ပစ္စည်းတွေ ခိုးယူဆင်းသွားသူကို အမြန်လမ်းရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန် မန္တလေး အမြန်လမ်းမှာ ခရီးသည်တစ်ဦးထံမှ ပစ္စည်းတွေ ခိုးယူဆင်းသွားသူကို အမြန်လမ်းရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး

၁၂.၈.၂၀၂၀ ရက်နေ့နံနက် ၀၅၄၅ အချိန်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ဦးနန်းလွင်စိုးမောင်းနှင်သည့်တက်နေလင်း ခရီးသည်တင်ယာဥ်ပေါ်လိုက်ပါလာသူ ခရီးသည်ကိုကျော်ကျော်ဦး၊ (၃၇) နှစ်သည်လည်ပင်း၌ဆွဲထားသည့်သံကြိုးဆက် ရွှေကြုပ်တစ်ခုပါ

(၂)ကျပ်သားဆွဲကြိုး (၁)ကုံးကာလတန်ဘိုး ကျပ် သိန်း(၂၀)

၀၉ ၂၅၀၅၈၂၇၄၄ Sim Card ပါMI လက်ကိုင်ဖုန်းတစ်လုံးကာလတန်ဘိုး (၂)သိန်းကျပ်

ငွေစက္ကူရောရာ (၅)သိန်းကျော်ခန့်
ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ် (၁)လုံး

Navi Force အမျိုးအစား(အနက်ရောင်)
လက်ပတ်နာရီ (၁)လုံး
ကာလတန်ဘိုး (၄)သောင်းကျပ်ခန့်

စုစုပေါင်း ၂၇၄၀၀၀ဝိ/- ခန့်
ပျောက်ဆုံးခဲ့ကြောင်းနှင့်
ယာဉ်ပေါ်တွင် ၎င်း၏ဘေးထိုင်ခုံ၌စီးနင်းလိုက်ပါလာသူ
ခရီးသည်တစ်ဦးမှာလည်းမပါရှိတော့ကြောင်း
သိရှိရသဖြင့်သာဂရအမြန်လမ်းမကြီးရဲစခန်းသို့
သတင်းပို့တိုင်တန်းခဲ့သည့်အတွက်
သာဂရအမြန်လမ်းမကြီးရဲစခန်း
(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့်
အမှုဖွင့်လှစ် လက်ခံစစ်ဆေးခဲ့ပါသည်။

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး၏
ကွပ်ကဲကြပ်မတ်မှုဖြင့်အမြန်လမ်းမကြီးတစ်လျှောက်
ရဲစခန်း/ရဲကင်းများမှတပ်ဖွဲ့ဝင်များဖြင့်
လမ်းမကြီးပေါ် ဝင်/ထွက်ပေါက်များတိုလ်းဂိတ်/မီနီတိုလ်းဂိတ်များပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း

 

လမ်းမကြီးတစ်လျှောက်
အသုံးပြုသွားလာလျက်ရှိသည့်
မော်တော်ယာဉ်များနှင့် ခရီးသွားများအား
ရှာဖွေစစ်ဆေးခြင်းများကိုအချိန်နှင့်တစ်ပြေးညီ
တစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ရာ

သာဂရအမြန်လမ်းမကြီးရဲစခန်းမှူး
ရဲအုပ် ကျော်စွာလတ်နှင့်တာဝန်မှူး ရဲအုပ် ဝင်ကို ဦးစီး
တပ်ဖွဲ့ဝင် (၁၀)ဦးသည်သက်သေများနှင့်အတူ
အမြန်လမ်းမကြီးမိုင်တိုင် (၁၇၃/၆)၌ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် နံနက် ၀၈၄၀ အချိန်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ယာဥ်မောင်း ကိုသန့်ဇော်ဦး
မောင်းနှင်လာသည့်တောင်ပြာတန်းခရီးသည်တင်ယာဉ်ပေါ်၌

 

တင်အေး၊ (၆၄)နှစ်၊ (ဘ)ဦးစိုးအောင်၊ရွှေတောင်မြို့နေသူအားကိုကျော်ကျော်ဦးပျောက်ဆုံးခဲ့သည့်
သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သဖြင့်

ရဲလုပ်ငန်းများပြည့်စုံစွာဆောင်ရွက်လျက်အမှုခိုင်မာစွာတည်ဆောက်အချိန်မီတရားစွဲတင်ပို့နိုင်ရေး
ဆောင်ရွက်လျက်ရှိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •